မင်းဘူးတွင် တပ်မတော် တိုက်လေယာဉ် ၂ စီး ပျက်ကျ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် တပ်မတော်တိုက်လယာဉ် ၂ စီး အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ကြောင်း မင်းဘူးဒေသခံများထံမှသိရသည်။
 
မင်းဘူးမြို့နယ် ဆားဗွက်ချောင်းအနီးတွင် တိုက်လေယာဉ်တစ်စီး၊ သနပ်ပင်စုကျေးရွာအနီးတွင် တိုက်လေယာဉ် တစ်စီး စုစုပေါင်း တိုက်လေယာဉ် ၂ စီး ပျက်ကျခဲ့ခြင်းဖြစ်သည်။
 
မင်းဘူးမြို့ ၊ အမှတ် ၁ ရပ်ကွက်နှင့် တပင်ကျေးရွာအကြား ဆားပွက်ချောင်းတံတား၏ အရှေ့မြောက်ဖက်၊ ကိုက် ၅၀၀ အကွာ တစ်ယောက်မောင်း တိုက်လေယာဉ်တစ်စင်း ပျက်ခဲ့ခြင်းဖြစ်ပြီး လေထီးနှင့်အတူ အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိခဲ့သည်။
 
အဆိုပါ အခင်းဖြစ်ရပ်အား မကွေးတိုင်းဝန်ကြီးချုပ်နှင့် နယ်လုံ ဝန်ကြီးတို့ လာရောက်ကြည့်ရှုခဲ့ပြီး မကွေးမြို့ တပ်မတော်လေတပ်မှ ဒုဗိုလ်မှူးကြီးပြည့်ဖြိုးနှင့်အဖွဲ့မှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ရှိနေသူ မသွယ်ဇင်ငြိမ်း အသက် (၁၀)နှစ်မှာ လေယာဉ်အစိတ်အပိုင်းစ ထိမှန်သဖြင့် ခေါင်းနှင့်တင်ပါးတွင် ဒဏ်ရာရရှိသဖြင့် မင်းဘူးဆေးရုံ သို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း မင်းဘူးဒေသခံ များထံမှသိရသည်။
 
Credit - U Win Win
The Ladies News

 

Vote: 
No votes yet

Add new comment