ချမ်းမြသာစည်မြို့နယ်အတွင်း သိန်း ၆၄၆ တန်ဖိုးခန့်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်အတွင်း သိန်း ၆၄၆ တန်ဖိုးခန့်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ ၇-၁၀-၂၀၁၈ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် မူးယစ်တပ်ဖွဲ့စု (၁၈)မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မှ မန္တလေးဘက်သို့ MDY FF/xxxx ယာဉ်ဖြင့်မသင်္ကာဖွယ်ရာ ဂျပ်ဖာတစ်ခုပါရှိ လာကြောင်း လားရှိုးမြို့၊ မူးယစ်တပ်ဖွဲ့စု(၂၄)၏ပေးပို့သတင်းအရ အဆိုပါယာဉ်မောင်း နှင့်ဆက်သွယ်၍ စက္ကူဂျပ်ဖာပေါ်တွင် ရေးသားထားသည့် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇ လမ်း၊ ဘုရင့်နောင်လမ်းနှင့် အောင်ဇေယျလမ်းကြားတွင် ယာဉ်အား ရပ်တန့်၍ လိပ်မူပါဖုန်းနံပါတ် ၀၉-xxxxxxxxx သို့ဆက်သွယ်ပြီး လာရောက် ရွေးယူရန်အကြောင်းကြားရာ ယုန်ဆွမ်း(ခ)ရန်ယုန်စန်း ၃၂ နှစ်၊ အမှတ်(၁၁)ရပ်ကွက်၊ နမ့်ခမ်းမြို့နယ်နေသူမှာ ၅၄ယ/xxxx Honda Scoopyi ဖြင့် ရောက်ရှိလာပြီး ဂျပ်ဖာအားလာရောက် ရွေးယူစဉ် သက်သေများနှင့်အတူဖွင့်ဖောက်စစ်ဆေးရာ ဂျပ်ဖာဘူးအတွင်း အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ် (၁)ထုတ်လျှင် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၄၇ ထုတ်၊ စုစုပေါင်း ဆေးပြား ၉၄၀၀ ပြား၊ မက်အက်ဖီတမင်း(ICE)ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၈၈၀ ဂရမ်၊ စုစုပေါင်းတန်ဖိုး ၆၄၆၀၀၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ၅၄ယ/xxxx ဆိုင်ကယ်တို့အားသိမ်းဆည်းရမိသဖြင့် အောင်ပင်လယ် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တက်သော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment