အစစ်ဆေးမခံဘဲပြန်လည်ခုခံသူများအား ပစ်ခတ်ဖမ်းဆီးရာ သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် တရားခံငါးဦးဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များမှ မသင်္ကာဖွယ်တွေ့ရှိသောဆိုင်ကယ် ၅ စီးအားရပ်တန့်စစ်ဆေးရာ အစစ်ဆေးမခံဘဲ တပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
 
မိုးကုတ်မြို့နယ် လယ်ကြီးရဲကင်းရှေ့တွင် အောက်တိုဘာလ ၇ ရက်က မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးနေစဉ် မသင်္ကာဖွယ်တွေ့ရှိ သည့်ဆိုင်ကယ် ၅ စီးအား ရပ်တန့်စစ်ဆေး မည်ပြုစဉ် အစစ်ဆေးမခံပဲမောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် မိုးကုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့နှင့် ပူးပေါင်း၍ လိုက်လံ ရှာဖွေဖမ်းဆီးရာ ဖြူရောင်ရွာနှင့် ညောင်ကုန်း ရွာကြားလမ်းကွေ့ အရောက်တွင် ဆိုင်ကယ် ၅ စီးအားတွေ့ရှိပြီး ၎င်းတို့မှာ အဖမ်းမခံဘဲ ခဲများဖြင့်ပစ်ပေါက် ခြင်း၊ တပ်ဖွဲ့ဝင်များအားထိုးကြိတ်ခြင်းများပြုသဖြင့် ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ သုံးဦး ဖမ်းဆီးရမိပြီ ကျန် ၂ ဦးမှ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
 
ထွက်ပြေးသွားသူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ညောင်ကုန်း ကျေးရွာအနီးတွင် တစ်ဦး ဖမ်ဆီးရမိပြီး တစ်ဦးမှာအသာတကြည်အဖမ်းမခံဘဲ လျှိုအတွင်းသို့ ထွက်ပြေး သွားသဖြင့် ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုကြောင့် တရားခံငါးဦးနှင့် အတူ ဘိန်းစိမ်း ၅၀ ကီလိုခန့်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၇၅ဝ သိန်း) တို့နှင့် ဆိုင်ကယ် ၅ စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါအမှုနှင့်ပတ်သက်၍ တရားခံဟုယူဆရသူ ငါးဦးအား မိုးကုတ် မြို့မရဲစခန်း မယ(ပ) ၁၂၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဥပဒေ ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment