ချင်းနိုင်ငံရေးပါတီ သုံးပါတီ ပေါင်စည်း

ချင်းနိုင်ငံရေးပါတီများဖြစ်သည့် ချင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့သည် တစ်ပါတီအဖြစ် ပေါင်းစည်းမည်ဖြစ်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူးဖြစ်သူ ဆလိုင်းကျဲအိုဘိခ်ထောင် က The Ladies News သို့ပြောကြားသည်။
 
သုံးပါတီပေါင်းစည်းခြင်း လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်မည်ဖြစ်ပြီး ပေါင်းစည်းထားသည့် ပါတီအမည်မှာ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (CNLD) ဖြစ်သည်ဟု ဆိုသည်။
 
`အဓိကကတော့ ပူးတွဲဦးဆောင်မှု ပုံစံမျိုးနဲ့ ကျွန်တော်တို့ ၂၀၂၀ ရွေးကောက်ပွဲအထိ သွားမယ်။ ၂၀၂၀ ရွေးကောက်ပွဲ ပြီးလို့ရှိရင် ကျွန်တော်တို့ ပါတီညီလာခံ ကျင်းပပြီးတော့မှ ရွေးကောက်ပွဲက ပါတီတွင်းမှာ ပြန်ကျင်းပမယ်။ အဲဒါကတော့ ပေါင်းစည်းတဲ့ပုံစံပေါ့` ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။
 
ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ရရှိရေးကို အခြေခံကာ ပေါင်းစည်းခြင်း ဖြစ်သည်ဟုဆိုသည်။
 
ပြီးခဲ့သည့် လပိုင်းက ကချင်နိုင်ငံရေးပါတီ သုံးပါတီပေါင်းစည်းခဲ့ပြီး၊ မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းခြင်း အခမ်းအနားကိုလည်း စက်တင်ဘာ ၂၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ Royal Hinthar Hotel တွင်ပြုလုပ်ခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment