ရိုနယ်လ်ဒိုဟာ မက်ဆီနဲ့ နှိုင်းယှဉ်လေ့ရှိသူဖြစ်ကြောင်း မန်ယူကစားသမား တစ်ဦးထံမှ သိရပုံကို ပီတာခရော့ခ်ျပြန်လည်ဖွင့်ဟ

မန်ယူအသင်းရဲ့ ၀ါရင့် ခံစစ်ကစာသမား ရီယိုဖာဒီနန်နဲ့ ရိုနယ်လ်ဒိုတို့ဟာ အိုးထရက်ဒ်ဖို့ မြေမှာ ၆ နှစ်ကြာ လက်တွဲကစားခဲ့ဖူးသူဖြစ်ပြီး အောင်မြင်မှု ဆုဖလားတွေကိုလည်း အတူရယူခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ရိုနယ်လ်ဒိုဟာ ၄င်းရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို မန်ယူမှာ စတင်ခဲ့တာဖြစ်ပြီး ယခုလက်ရှိအချိန်မှာတော့ ကမ္ဘာ့ အကောင်းဆုံး ၅ ဆုရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်ရက်ပိုင်း အတွင်းမှာ ပေးအပ်ချီးမြှင့်သွားဖို့ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆန်ကာတင် ကစားသမား (၃) ဦး စာရင်းမှာလည်း ပါဝင်နေပြီး ယခုနှစ်မှာသာ အဆိုပါဆုကို ထပ်မံပိုင်ဆိုင်နိုင်ပါက ကမ္ဘာ့အကောင်းဆုံး ၆ ဆုရှင်ဖြစ်လာဖို့ အလားအလာ ရှိနေပါတယ်။
 
ဖာဒီနန်က ရိုနယ်လ်ဒိုဟာ မက်ဆီနဲ့ နှိုင်းယှဉ်လေ့ရှိသူဖြစ်ကြောင်းက အင်တာဗျူးတွေမှာ အမြဲလိုလို ပြောကြားထား ခဲ့တာကြောင့် လီဗာပူးလ် တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျက ၄င်းရေးသားထုတ်ဝေမယ့် စာအုပ်ထဲမှာ ရိုနယ်လ်ဒိုနဲ့ ပတ်သတ်ပြီး ဖာဒီနန်ရဲ့မှတ်ချက်ပြု စကားတွေကို ထည့်သွင်းဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ပီတာခရော့ခ်ျ ဟာ ရိုနယ်လ်ဒိုရဲ့ ဟန်ရေးပြမှုအကြောင်းကို ၄င်းရဲ့စာအုပ်သစ်မှာ ထည့်သွင်းရေးသားခဲ့တာဖြစ်ပြီး ပေါ်တူဂီသားရဲ့ လေ့ကျင့်ခန်းပြုလုပ်အပြီး မှန်ရှေ့မှာ အ၀တ်ဗလာနဲ့ ကြွက်သားတွေကို ထုတ်ကြည့် တတ်ပုံကို ရေးသား ဖော်ပြထားတာလည်းဖြစ်ပါတယ်။
 
ပီတာခရော့ခ်ျက “ရိုနယ်လ်ဒိုဟာ လေ့ကျင့်ခန်းအစီအစဉ်တွေအပြီးမှာ အ၀တ်ဗလာနဲ့ မှန်ရှေ့မှာရပ်ပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ငါကွလို့ ပြောလေ့ရှိကြောင်းကို ဖာဒီနန်က ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ နောက်ပြီး အဲ့လိုသူကြုံးဝါးနေချိန်မှာ မန်ယူ အသင်းဖော်တွေက သူ့ကို မက်ဆီက ကမ္ဘာ့အကောင်းဆုံးဆုတွေ ယူထားတာနော်လို့ နောက်ပြောင်းကျီဆယ်တဲ့အခါမှာလည်း ရိုနယ်လ်ဒိုက ပုခုံးတွန့်ပြပြီး သူ့မှာ ကျွန်တော့်လို ကိုယ်ခန္ဓာမရှိပါဘူးလို့ ပြောလေ့ရှိတယ်လို့လည်း ဖာဒီနန်က ကျွန်တော့်ကို ပြောပြခဲ့ပါတယ် “ လို့ ပီတာခရော့ခ်ျက ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။
 
ရိုနယ်လ်ဒိုဟာ ယခုလက်ရှိမှာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ကစားနေပြီး ပွဲစဉ် ၃ ပွဲကစားပြီးချိန်အထိ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ လက်တလောမှာလည်း နိုင်ငံအသင်းနဲ့ အတူ ပူးပေါင်းခြင်းမရှိဘဲ အသင်းအတွက် ဂိုးတွေသွင်းယူပေးနိုင်အောင် အနားယူရင်း လေ့ကျင့်ခန်းတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ စီရိုနယ်လ်ဒိုဟာ ကာယကြံ့ခိုင်မှုကို ဂရုစိုက်တတ်သူဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ရောက်ရှိနေပြီဖြစ်ပေမယ့် ၂၁ နှစ်သားအရွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ အံ့သြဖွယ် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment