FIFA FIFPro အကောင်းဆုံး ၁၁ ယောက် ဆု အတွက် ဆန်ခါတင် စာရင်းများ ထုတ်ပြန်ကြေညာ

FIFA ဟာ နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ ယောက်စာရင်း (FIFA FIFA PRO World 11) ဆုကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး စုစုပေါင်း ကစားသမား ၅၅ ဦးအထိ ပါဝင်လာခဲ့ပါတယ်။ ထူးခြားစွာပဲ ပြီးခဲ့တဲ့နှစ်က အကောင်းဆုံး ၁၁ ယောက် စာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ ကစားသမား ၁၀ ဦးအထိပြန်လည် ပါဝင်နိုင်ခဲ့ပြီး အသင်းအလိုက်ကြည့်မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ကစားသမား ၁၁ ဦးအထိပါဝင်လာခဲ့ပြီး ကစားသမား အများဆုံးပါဝင်လာတဲ့ကလပ်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ စပိန်အသင်းက (၉) ဦး နဲ့ ပြင်သစ် အသင်းက (၈) ယောက် အထိပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။
 
FIFA FIFPro World 11 ဆု ကို တော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ နဲ့ FIFPro တို့မှ ပူးပေါင်းချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ ကနေ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်အတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်ချီးမြှင့်တာ လည်းဖြစ်ပါတယ်။ အဆိုပါဆုအတွက်ကိုတော့ နိုင်ငံပေါင်း ၆၅ နိုင်ငံမှာရှိ တဲ့ အားကစားသအကျော်အမော် ၂၅၀၀၀ ကျော်က မဲပေးရွေးချယ် မှာဖြစ်ပြီး ကစားသမားတွေ ကိုယ်တိုင်ကလည်း မိမိကြိုက်နှစ်သက်သူကို မဲပေးခွင့်ရှိသလို၊ အသင်းဖော်အချင်းချင်းလည်း မဲပေးခွင့်ရှိမှာဖြစ်ပါတယ်။
.
FIFA FIFPro World 11 ဆုမှာပါဝင်လာခဲ့တဲ့ ကစားသမားများ
.
ရှေ့တန်း – မန်ဇူကစ် ၊ မာနေး ၊ အမ်ဘတ်ပီ ၊ မက်ဆီ ၊ နေမာ ၊ မိုဟာမက် ဆာလတ် ၊ ဆွာရက်ဇ် ၊ ဘန်န်ဇီမာ ၊ ကာဗာနီ ၊ စီရိုနယ်လ်ဒို၊ ဒိုင်ဘားလား၊ အန်တိုနီယို ဂရစ်ဇ်မန်း ၊ ဟယ်ရီကိန်း ၊ လီဝန်ဒေါ့စကီး ၊ လူကာကူ ၊
.
အလယ်တန်း – လူကာမိုဒရစ် ၊ ပေါ့ဂ်ဘာ ၊ ရာကီတစ် ၊ ဒေးဗစ် ဆေးဗား၊ ဗီဒယ် ၊ ခရူး ၊ဘက်စ်ကွက် ၊ ကက်စမဲရိုး ၊ ကော်တင်ဟို ၊ ဒီဘရိုင်းန် ၊ အီဒင် ဟာဇက် ၊ အီနီယေစတာ ၊ အစ္စကို ၊ ကန်တီ ၊ မာတစ်
.
နောက်တန်း –ဟမ်းမဲ ၊ ကင်မစ်ခ်ျ ၊ ဒီဂျန် လော့ဗရန် ၊ မာဆယ်လို ၊ ယာရီ မီနာ ၊ ပါဗက် ၊ ပီကေး ၊ ဆာဂျီဟို ရာမို့စ် ၊ သီယာဂို ဆေးဗား ၊ ထရစ်ပီယာ ၊ အမ်တီတီ ၊ ဗန်ဒိုက် ၊ ဂျော်ဒီ အယ်လ်ဘာ ၊ ကာဗာဂျယ်လ် ၊ ချီရယ်လီနီ ၊ ဒန်နီရယ် အဲလ်ဗက် ၊ ဂိုလ်ဒင် ၊ ဗာရန်း ၊ ဗာဆယ်ကို ၊ ဝေါ်ကာ
.
ဂိုးသမား –ဒီဂီယာ ၊ နာဗက် ၊ တာစတီဂျန် ၊ ဘူဖွန် ၊ ကော့တွိုက်
.
အဆိုပါဆုတွေကိုတော့ လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုပေးပွဲမှာ တရားဝင်ကြေငြာသွားမှာဖြစ်ပြီး အဆိုပါ ပွဲမှာ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအပြင် အကောင်းဆုံး ကစားသမား ၁၁ ယောက်ကိုပါ ထုတ်ပြန်ကြေငြာသွားမှာဖြစ်ပြီး အကောင်းဆုံး အမျိုးသမီးကစားသမား ဆု၊ အမျိုးသားနည်းပြဆု၊ အမျိုးသမီးနည်းပြဆု၊ အကောင်းဆုံး သွင်းဂိုးဆု နဲ့ Fari Play ဆုတွေကိုပါ ထုတ်ပြန်ကြေငြာသွားမှာလည်းဖြစ်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment