You are here
အဂတိလိုက်စားမှုကို ကုန်သည်စက်မှုအသင်းချုပ် နှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆန့်ကျင်မည်ဖြစ်ကြောင်းကြေညာ
Posted: July 3, 2018

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအကြားမှာ ကျင့်ဝတ်ပြည့်ဝသည့် စီးပွားရေးလုပ်ငန်းအလေ့အကျင့်များ ဖွံ့ဖြိုးလာစေရန် နှင့် အဂတိလိုက်စားမှုကို ဆန့်ကျင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် နှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ဇူလိုင် ၂ ရက်က ပူးတွဲကြေညာခဲ့သည်။
နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့်ြ ပည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ကုန်သည်စက်မှုအသင်းချုပ်၏ အသင်းဝင် ကုမ္ပဏီများ အတွင်း စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ကို ရေးဆွဲပြီး လိုက်နာလုပ်ဆောင်ကြစေရေး ပူးပေါင်းကူညီရန်၊ အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များ နှင့် စွမ်းရည်မြှင့်အစီအစဉ်များ စီစဉ်စသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု ဆန့်ကျင်ခြင်းပူးတွဲကြေညာချက်လက်မှတ်ရေးထိုးပွဲတွင် ကြေညာခဲ့သည်။
အဆိုပါ အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ကို ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
“နိုင်ငံအတွင်းမှာ ရှိကြတဲ့ စီးပွားရေးလုပ်ငန်းများဟာ အဂတိလိုက်စားမှုမှာ ပါဝင်ခြင်းမရှိကြပဲ အဂတိလိုက်စားမှုကို နားလည်ပြီး ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံမှာ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခု ပေါ်ပေါက်လာပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဝင်ရောက်လာမှာပါ” လို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။
အဆိုပါကြေညာချက်တွင် လုပ်ငန်းကုမ္ပဏီများအကြားနှင့် ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များအကြားတွင် အဂတိလိုက်စားမှု ဆန့်ကျင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် အလေ့အကျင့်ကောင်းများ ဝေမျှနိုငရန် ကွန်ရက်များ တည်ဆောက်ရေးနှင့် United Nations Global Compact Network Myanmar နှင့် ချိတ်ဆက်ဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
The Ladies News
Vote:
Add new comment