ရီးရဲလ်နည်းပြအတွက် ပရိသတ်တွေရဲ့ မဲပေးမှုမှာ အဆင့် ၄ သာ ရရှိခဲ့တဲ့ အာစင်ဝင်းဂါး

အာဆင်နယ်အသင်း နည်းပြဟောင်း ရီးရဲလ်အသင်းကို ချန်ပီယံလိဂ် ၃ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဇီဒန်း ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အံ့အားသင့်ဖွယ် ရုတ်တရက် နုတ်ထွက် သွားခဲ့တာကြောင့် ရီးရဲလ်ဟာ ၄င်းရဲ့ နေရာမှာ အစားထိုးဖို့ အရည်အချင်းရှိတဲ့ နည်းပြတစ်ဦးကို ချက်ချင်းဆိုသလို ရှာဖွေခဲ့ရပါတယ်။
 
ဇီဒန်းထွက်ခွာသွားပြီး နောက်ပိုင်း ၄င်းနေရာမှာ အစားထိုးဖို့ ရေပန်းစားနေတဲ့ နည်းပြတွေ ထွက်ပေါ်လာခဲ့ကာ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးလည်း ပါဝင်လာခဲ့ပြီး ပရိသတ်တွေကို ဆန္ဒမဲ ကောက်ခံရာမှာတော့ အဆိုပါ နည်းပြကြီးဟာ အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
အဆိုပါ ဆန္ဒမဲပေးပွဲကို စပိန်သတင်းစာ တစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ် ပေါင်း ၁ သိန်း ၂ သောင်း ကျော်ရဲ့ မဲပေးမှု အပြီးမှာတော့ လက်ရှိလီဗာပူးနည်းပြကြီး ယာဂင်ကလော့ပ်က ၄၁ % နဲ့ ထိပ်ဆုံးမှ ရေပန်းစားနေခဲ့တာဖြစ်ပြီး ပိုချက်တီနိုက မဲအရေအတွက် ၃၄ % ဖြင့် ဒုတိယ၊ ဂျာမနီနည်းပြကြီး ဂျိုအာချင်လိုက မဲအရေအတွက် ၁၅ % နဲ့ တိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ မဲအရေအတွက် ၉% သာ ရရှိခဲ့ပြီး အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
လက်ရှိ သတင်း မီဒီယာတွေမှာ ဖော်ပြချက်အရ စပါးအသင်းနည်းပြ ပိုချက်တီနိုဟာ ရီးရဲလ်တို့သာ ၄င်းတို့အသင်းရဲ့ နည်းပြအဖြစ် ကမ်းလှမ်းလာပါက ၄င်းအနေနဲ့ ငြင်းပယ်သွားမှာ မဟုတ်ကြောင်းနဲ့ ၄င်းဟာ တစ်ချိန်မှာ ရီးရဲလ် အသင်းကို တာဝန်ယူ ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
 
အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ရီးရဲလ်က ကမ်းလှမ်းလာရင်တော့ ကျွန်တော့်မှာ ဘာမှ ပြောစရာ မရှိပါဘူး။ ဒီကိစ္စတွေက ကျွန်တော် တစ်ယောက်တည်းလို့ ဆုံးဖြတ်လို့မရနိုင်ပါဘူး။ လောလောဆယ်တော့ ကျွန်တော် စပါးအသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားပြီး ဒီမှာ ပျော်ရွှင်နေပါတယ်။ သူတို့ဘက်က အပြောင်းအရွှေ့လုပ်ဖို့ စိတ်အားထက်သန် နေတယ်ဆိုရင်တော့ အသင်းတာဝန်ရှိသူတွေနဲ့ပဲ ဆွေးနွေးရမှာပါ" လို့ ၄င်းက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
 
The Ladies News
Ref : Daily Mail
 

 

Vote: 
No votes yet

Add new comment