ပီအက်ဂျီ ကွင်းလယ်လူကို ပေါင်သန်း ၁၀၀ နီးပါးအသုံးပြုကာ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မော်ရင်ဟို

မန်ယူအသင်းရဲ့ နည်းပြကြီး ဟိုဆေးမော်ရင်ဟို ဟာ ရှက်တာဒိုးနက် ကွင်းလယ်လူ ဖရက်ကို အပြီးသတ် ပိုင်ဆိုင်နိုင်ဖို့ အလွန်ကို နီးစပ်နေပြီဖြစ်ပြီး ၄င်းအနေနဲ့ ဖရက်ဒ်ကို ခေါ်ယူနိုင်ခဲ့ပါက နောက်ထပ် ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား တစ်ဦးကိုလည်း မြင့်မားတဲ့ ငွေကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ နည်းပြဟာ ပီအက်စ်ဂျီ အသင်းရဲ့ ကွင်းလယ်လူကို ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာဖြစ်ပြီး မော်ရင်ညိုဟာ ယခုနွေရာသီ မှာ ကွင်းလယ် ခံစစ်ကစားသမားတစ်ဦးကို အဓိက အားဖြည့် လိုနေတာကြောင့် ၎င်းရဲ့ ဒုတိယမြောက် ပစ်မှတ် ကွင်းလယ် ကစားသမားကို အလိုရှိနေတာလည်း ဖြစ်ပါတယ်။
 
The Sun ရဲ့ဖော်ပြချက်အရကတော့ ဟိုဆေးမော်ရင်ညို ဟာ ပီအက်ဂျီ ကွင်းလယ်လူ မာကိုဗာရက်တီကို အလိုရှိနေတယ်လို့ သိရပြီး အဆိုပါကစားသမားကို ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
ဗာရက်တီဟာ ပီအက်ဂျီ အသင်းမှာ ၆ ရာသီကြာ ကစားထားသူဖြစ်ပြီး လက်ရှိ ဥရောပ ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းကတော့ အဆိုပါ ကစားသမား အတွက် ဘာစီလိုနာ အပါအ၀င် အခြားကမ်းလှမ်း မှုတွေကို ပယ်ချထားခဲ့ပြီး အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပေမယ့် မော်ရင်ဟိုကတော့ ဒီရာသီဟာ ဗာရက်တီအတွက် အကောင်းဆုံး အချိန်တစ်ခုလို့ ဆိုထားပါတယ်။
 
မော်ရင်ဟိုဟာ ဗာရက်တီကို ကမ်းလှမ်းမှု မပြုခင်ကလည်း လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ်-ဆာဗစ်ကို ပေါင် သန်း ၈၀ အထိပေးပြီး ကမ်းလှမ်းခဲ့ပြီး အဆိုပါ ကစားသမားကို အပြိုင်ခေါ်ယူလိုနေတဲ့ ဂျူဗင်တပ်အသင်းကလည်း အဆိုပါ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့ တာကြောင့် ဆားဘီးယား လက်ရွေးစင်ရဲ့ ပြောင်းရွှေ့ကြေး မြင့်မား သွားခဲ့ပြီး မန်ယူနည်းပြ မိုရင်ဟိုက ထပ်မံကမ်းလှမ်းခြင်း မပြုတော့တာလည်း ဖြစ်ပါတယ်။
 
မန်ယူအသင်းဟာ ယခုနှစ်ရာသီကုန်မှာ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ မိုက်ကယ်ကားရစ် ကို လက်လွှတ်ခဲ့ရပြီး ဖယ်လိုင်နီကလည်း အသင်းပြောင်းရွှေ့ဖို့များနေတာကြောင့် ၄င်းတို့နေရာမှာ အစားထိုးနိုင် မယ့် အရည်အသွေးမြင့် ကွင်းလယ်လူတွေကို ပေါင်သန်း ၂၀၀ ၀န်းကျင် အသုံးပြုကာ ခေါ်ယူသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment