One Championship မိုဘိုင်းလ်အက်ပလီကေးရှင်းဖြင့် One Championship Live ပွဲစဉ်များနှင့် ဒစ်ဂျစ်တယ်သတင်းများကို တစ်နေရာထဲတွင် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီ

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပ လျက်ရှိသော ONE Championship™ (ONE) သည် ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်  စင်ကာပူနိုင်ငံရှိ Marina Bay Sands ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ကာ ONE: UNSTOPPABLE DREAMS ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ထိုးသတ်မည့် သူများကို မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။  အဆိုပါအခမ်းအနားတွင် အသစ်ထွက်ရှိထားသော One Championship မိုဘိုင်းလ် အက်ပလီကေးရှင်းဖြင့် One Championship Live ပွဲစဉ်များနှင့် ဒစ်ဂျစ်တယ် သတင်းများကို တစ်နေရာထဲတွင် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည့် One Championship မိုဘိုင်းလ်အက်ပလီကေးရှင်း ကိုလည်း မိတ်ဆက်ပေးခဲ့သည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ONE Championship ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Chatri Sityodtong ၊  ONE အမျိုးသမီးအက်တန်ဝိတ်ကမ္ဘာ့ချန်ပီယံ (ONE Women’s Atomweight World Champion) ဖြစ်သူ  “Unstoppable” Angela Lee ၊ ၎င်း၏ ပြိုင်ဘက် Mei “V.V” Yamaguchi ၊ ONE ဖယ်သာဝိတ်နှင့် လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ (ONE Featherweight & Lightweight World Champion) ဖြစ်သူ Martin “The Situ-Asian” Nguyen ၊ ၎င်း၏ ပြိုင်ဘက် Christian “The Warrior” Lee ၊ နာမည်ကျော်မွေထိုင်းကစားသမား Sam-A Gaiyanghadao ၊ ၎င်း၏ ပြိုင်ဘက် Sergio “Samurai” Wielzen ၊ နာမည်ကျော်မွေထိုင်းကစားသမား Yodsanklai Fairtex နှင့် ၎င်း၏ ပြိုင်ဘက် Chris Ngimbi တို့ တက်ရောက်ခဲ့ကြသည်။
 
ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် သန်းပေါင်းများစွာသော ကိုယ်ခံပညာသိုင်းပေါင်းစုံ ကြိုက်နှစ်သက်ကြသူ ပရိသတ်များအနေဖြင့် အသစ်ထွက်ရှိထားသော One Championship မိုဘိုင်းလ်အက်ပလီကေးရှင်းဖြင့် One Championship Live ပွဲစဉ်များနှင့် ဒစ်ဂျစ်တယ်သတင်းများကို တစ်နေရာထဲတွင် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး အဆိုပါ  မိုဘိုင်း အပလီကေးရှင်းတွင် ၎င်းတို့ ကြိုက်နှစ်သက်သော One Championship စူပါစတားတို့နှင့် ပတ်သတ်သည့် သတင်းအချက် အလက်များ၊ နောက်ခံအကြောင်းအရာအပြည့်အစုံတို့ကို အရည်အသွေး ကောင်းမွန်သော HD နှင့် ကြည့်ရှုနိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် ပရိသတ်များအနေနှင့် ဇွန်လ ၂၉ ရက်နေ့တွင်  ယှဉ်ပြိုင်ထိုးသတ်မည့် ဝမ်းမစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း၏ ONE: SPIRIT OF THE WARRIOR ပွဲစဉ်ကို အဆိုပါ အက်ပလီကေးရှင်းမှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး အဆိုပါအက်ပလီကေးရှင်းကို ရယူလိုသူများအနေဖြင့် Android နှင့် iOS ဖုန်းများတွင် ဒေါင်းလုတ်ရယူနိုင်ကြောင်းသိရသည်။
 
One Championship မိုဘိုင်းလ်အက်ပလီကေးရှင်းကို Android ဖုန်းများအတွက် ဒေါင်းလုတ်ရယူလိုပါက
https://play.google.com/store/apps/details?id=com.onefc.android.app တွင် ဒေါင်းလုတ်ရယူနိုင်မှာဖြစ်ပြီး
iOS ဖုန်းများအတွက် https://itunes.apple.com/in/app/one-championship/id1351178131 တို့မှတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။
 
The Ladies News
 

Vote: 
No votes yet

Add new comment