Volvo မှ the New 2018 XC40 Premium Compact SUV အား မြန်မာပြည်တွင် မိတ်ဆက်ပြသ

ကမ္ဘာ့အသိအမှတ်ပြု အဆင့်မြင့်ကားကုမ္ပဏီ Volvo မှ ခေတ်မှီဆန်းသစ်သည့် ဒီဇိုင်းနှင့် Volvo XC40 premium small SUV ကို မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်လိုက်ပါသည်။ Sedona Hotel ရန်ကုန်တွင် ပြုလုပ်သော မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြသမိတ်ဆက်ခဲ့သော the new Volvo XC40 ကားသည် လုံခြုံရေးစံနှုန်းအသစ် နှင့် အတွေ့အကြုံ စံနှုန်းအသစ်များကို ယူဆောင်လာမည် ဖြစ်ပါသည်။
 
ဆုတံဆိပ်များစွာရရှိထားသော XC40 သည် မျက်မှောက်လူနေမှု အခက်အခဲများကို ကျော်ဖြတ်နိုင်စေရန်အတွက် တီထွင်ထားပြီး နေ့စဉ်မြို့ပြသွားလာလှုပ်ရှားမှုများ၏ စိတ်ဖိဆီးမှုများကို လျော့ကျစေရန်နှင့် သက်တောင့် သက်သာရှိစေရန်အတွက် ရည်ရွယ်ဖန်တီး ထားသောကြောင့် မောင်းနှင်သူများအနေဖြင့် Volvo ၏ အဆင်မြင့် ကားနှင့် SUV များ၏ မှတ်ကျောက်ဖြစ်သော ဆုများစွာရရှိထားသည့် လုံခြုံရေး၊ ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေး နည်းပညာများကို ပျော်ရွှင်စွာဖြင့် ကျေနပ်ခံစားနိုင်မှာ ဖြစ်ပါသည်။
 
Volvo Cars Myanmar ၏ Director / CFO ဖြစ်သူ ဒေါ်နွေးနွေးလှိုင်က “Volvo XC40 Premium Small SUV ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသဖို့အတွက် ကျွန်မတို့ စိတ်လှုပ်ရှားမိပါတယ်။ ရှုပ်ထွေးတဲ့ မြို့ပြပတ်ဝန်းကျင်မှာ အဆင်ပြေချောမွေ့စွာ မောင်းနှင်နိုင်ဖို့ ရှင်းလင်းတဲ့လမ်းညွှန် ပါဝင်လို့ XC40 မော်ဒယ် Volvo Car က မြို့ကြီးတွေမှာ မောင်းနှင်ဖို့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ Volvo ဟာ မောင်းသူရော စီးနင်းသူအတွက်ပါ ဘေးကင်း လုံခြုံမှုအတွက် အဓိကထားသော ကုမ္ပဏီဖြစ်ပြီး the new XC40 ဟာ မောင်းနှင်သူ ယာဉ်မောင်းနှင် နေစဉ် လွယ်ကူစွာချိတ်ဆက်နိုင်ရန် အဆင်ပြေ ချောမွေ့ စေတဲ့ ၀န်ဆောင်မှုများဖြင့် ပေါင်းစည်းထားတဲ့ အကောင်းဆုံး လုံခြုံမှုအဆင့်အတန်းကို ပေးအပ်နိုင်ပါတယ်။ The new Volve XC40 ဟာ မြန်မာနိုင်ငံ ဈေးကွက်အတွက် အကောင်းဆုံး ကားအမျိုးအစား ဖြစ်ပြီးတော့ ကျွန်မတို့ အရောင်းဈေးကွက် တိုးမြှင့်ပေးမယ့် ကားတစ်စီး ဖြစ်ပါတယ်“ ဟု ပြောကြားခဲ့ပါသည်။
 
ကမ္ဘာ့တိုးတက်မှုအမြင့်ဆုံး၊ ဒီဇိုင်းအဆန်းသစ်ဆုံးနှင့် အဆင့်မြင့်ဆုံး ဇိမ်ခံကား ကုမ္ပဏီတစ်ခု အနေဖြင့် Volvo ကုမ္ပဏီသည် ယခုအချိန်တွင် premium SUV အမျိုးအစားကို သုံးမျိုး ခွဲထုတ်လုပ်လျက်ရှိသည်။ သူ၏ နောက်ဆုံးပေါ်ဒီဇိုင်း၊ နောက်ဆုံးပေါ်နည်းပညာများ ဘေးကင်းလုံခြုံမှု၊ ကောင်းမွန်သော လုပ်ဆောင်ချက်များကြောင့် ၂၀၁၈ ခုနှစ်တွင် “European Car of the Year” ဆုကိုရရှိခဲ့သော Volvo XC40 မော်ဒယ်သည် လျင်မြန်စွာ တိုးတက်နေသော Premium SUV အမျိုးအစားကဏ္ဍတွင် ဖွံ့ဖြိုးမှုအတွက် အဓိကနေရာမှ ပါဝင်လာမည် ဖြစ်ပါသည်။
 
Volvo ကားကုမ္ပဏီသည် Performance Auto International နှင့်အတူ Volvo မှ မြန်မာနိုင်ငံ̔၌ ဖေဖော်ဝါရီလ ၂၀၁၇ တွင် လုပ်ငန်းစတင်ခဲ့ပါသည်။ “ထိုအချိန်ကစပြီး မြန်မာနိုင်ငံ အဆင့်မြင့် ဇိမ်ခံကားဈေးကွက်ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကျော်ကို Volvo မှ ပိုင်ဆိုင်ခဲ့ပြီး ကားအစီးရေပေါင်း ၇၀ ကျော်ကို တင်သွင်းရောင်းချခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဟာ အာရှပစိဖိတ်ဒေသမှာ လျင်မြန်တိုးတက်တဲ့ဈေးကွက် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု Volvo ကုမ္ပဏီ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဈေးကွက်ဒါရိုက်တာ Mr Hiroshige Ishigure ကပြောကြားခဲ့သည်။
 
ငြိမ့်ညောင်း လုံခြုံမှုရှိသည့် နည်းပညာအသစ်
.
The New Volvo XC40 ဟာ မြင့်မားသော နည်းပညာများ၊ ခေတ်မီဒီဇိုင်းနှင့် ဆန်းသစ်လှပ ကျယ်ဝန်းသော အတွင်းခန်းတို့ဖြင့် တမူထူးခြားစွာ ဖန်တီး ထုတ်လုပ်ထားတဲ့ small SUV ကားအမျိုးအစား ဖြစ်ပါသည်။ Volvo ရဲ့ ဆန်းသစ် တီထွင်ထားသော City Safety စနစ်တွင် အခြားကားများ၊ စက်ဘီးစီးနင်းသူများ၊ လမ်းသွားလမ်းလာ များနှင့်မြို့ထဲတွင် မတော်တဆမှုများ မဖြစ်စေရန် အလိုအလျောက် ရှောင်ရှားပေးသည့် Steer Assist ပါဝင်လာပြီ ဖြစ်ပါသည်။
 
The new Volvo XC40 သည် မြန်မာပြည်တွင်ရှိသည့် အဆင့်မြင့် နည်းပညာသုံး ကားအမျိုးအစားတွေထဲမှ တစ်ခုဖြစ်သည်။ Pilot Assist ဟုခေါ်သည့် Volvo ၏ အဆင့်မြင့် တစ်စိတ်တစ်ပိုင်း ထိန်းချုပ်မောင်းနှင်ပေးနိုင်တဲ့ စနစ်ဖြင့် SUV ကားသည် အလိုအလျောက်မောင်းနှင်ခြင်း၊ အရှိန်မြှင့်တင်ခြင်း နှင့် ရပ်တန့်ခြင်းတို့ကို တစ်နာရီလျှင် ၁၃၀ ကီလိုမီတာမြန်နှုန်းအထိ ကောင်းမွန်စွာမှတ်သားထားတဲ့ လမ်းတွေမှာ မောင်းနှင်းနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် ကားအထဲတွင်လည်း Apple CarPlay နှင့် Android Auto တို့ဖြင့်ချိတ်ဆက်နိုင်သည့် ကြီးမားသော tablet ပုံ ဗဟိုမျက်နှာပြင် ပါရှိသည့် အတွက် ကားမောင်းနှင်ခြင်းကို အနှောင့်အယှက် မဖြစ်စေပဲ လုံခြုံအဆင်ပြေစွာ မိမိတို့၏ဖုန်းကို အသုံးပြုနိုင်ပါသည်။
 
လုပ်ဆောင်ချက်
.
The new Volvo XC40 မှာ ကြီးမားပြီး ၂.၀လီတာသုံး turbocharged စနစ်သုံး T5 ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေအား (၁၂၈ ကီလိုဝပ်)ပါရှိပါတယ်။ ၁၈၀၀-၄၈၀၀rpm မှ ၃၅၀Nmရုန်းအားနှင့် ၅၅oo rpm လည်းပါရှိပါတယ်။ သို့သော် XC40 သည် မော်တော်ယာဉ်စက်ဖုံး အောက်တွင်သာ ကောင်းမွန်သော လုပ်ဆောင်ချက်များ ဆောင်ရွက် ပေးနိုင်ခြင်း မဟုတ်ဘဲ အသစ်ထည့်သွင်းပေးထားတဲ့ Clean Zone ဇုန်လေးခု အပူအအေး ထိန်းချုပ်စနစ် (Four Zone Climate Control System) ဟာ ကျန်းမာရေးအတွက် ဆိုးကျိုးပေး တဲ့ ဖုန်မှုန့်များ ညစ်ညမ်းဒြပ်သတ္တုတွေကို လေထုတွင်းက ဖယ်ရှားပေးနိုင်ပြီး Scandina vian က သန့်ရှင်းကြည်လင်တဲ့ လေကို ရှူရှိုက်ရသလိုခံစားရမှာပါ။
 
ပုံဖော်ထုစစ်ထားသလို ခံစားမှု
.
ရှင်းလင်းသော အတွင်းခန်းဒီဇိုင်းနှင့်တကွ အဆင့်မြှင့်ထားသော ထိုင်ခုံအနေအထားတို့ကြောင့် နေ့စဉ်သွားလာမှုအတွက် သင့်ကို ထိန်းချုပ်နိုင်စွမ်းပေးအပ်နိုင်မှာဖြစ်ပါသည်။ လှပတဲ့ အသေးစိတ်ပုံဖော်မှုနဲ့ စိစစ်ရွေးချယ်ထားတဲ့ပစ္စည်းတွေဟာ စစ်မှန်သော Swedish လက်မှု့ပညာကို ပြသနေပါသည်။
 
Volvo ကား မြန်မာ၏ ဖြည့်ဆည်းပေးမှု
.
The new Volvo XC40 Prem40 ပရီမီယံကို Compact SUV ကား မြန်မာနိုင်ငံတွင် ယခုရောင်းချပေးမှာ ဖြစ်ပါတယ်။
 
Volvo ကားများသည် Performance Auto International Co., LTD တို့ က ရန်ကုန်မြို့ Volvo စင်တာတွင် စတင်ကတည်းက မြန်မာနိုင်ငံတွင် တက်ကြွလာခဲ့သည်။ စက်ရုံလေ့ကျင့် သင်ကြားပညာရှင်များ၊ နောက်ဆုံးပေါ် စက်ချို့ယွင်းမှု ရှာဖွေရေး ပစ္စည်းကိရိယာများနှင့် နည်းပညာ ပံ့ပိုးမှု၊ Performance Auto International Co LTD နှင့်အတူ Volvo ပိုင်ရှင်များအဆင်ပြေပြေ လုပ်ဆောင်နိုင်မယ့် အခမဲ့ဝန်ဆောင်မှု အတွေ့အကြုံကို ခံစားစေရန် တစ်ဦးပိုင် ပရီမီယံ ဖောက်သည် စောင့်ရှောက်မှု အတွေ့အကြုံကို ဆောင်ရွက်ပေးမှာဖြစ်ပါသည်။
 
အားလုံး Volvo ကားများမြန်မာနိုင်ငံတွင် ၃ နှစ်တာ ၊ 100,000 km စီစဉ်ထားဝန်ဆောင်မှုများနှင့် ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်နှင့်အတူ ၀ယ်ယူ၏ နေ့ ကနေ ၃ နှစ် Unlimited ယာဉ်စက်ရုံအာမခံ ၊ Volvo ကားများ မြန်မာလက်ရှိတွင် $210,000 အထိသွား $53,000 မှာ အကွာအဝေးစတင်နှင့်အတူ Seden SUVs, Hatchback နဲ့ Wagon ပေးထားပါသည်။
 
ဈေးကွက်ဝယ်လိုအားအပေါ်တုံ့ပြန်သည့်အနေဖြင့် Volvo ကားများမြန်မာမှ အခြားမြို့များ တွင်လည်း ကားအရောင်း ပြခန်းများကို မကြာမီတွင် မိတ်ဆက်သွားမည် ဖြစ်ပါသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment