ကနေဒါနိုင်ငံ တိုရန်တိုမြို့ ဗန်ကားတိုက်ခိုက်မှု လူ ၁၀ ဦးသေဆုံး ၁၅ ဦးဒဏ်ရာရ

ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် ဧပြီ၂၃ရက်က ဗန်ကားဖြင့် လူသွားလမ်းတွင် လျှောက်နေသူများအား သိမ်းကျုံးကာ လိုက်တိုက်သဖြင့် လူပေါင်း ၁၀ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူကို ထွက်ပြေး မလွတ်မြောက်မီ ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
 
မျက်မြင်သက်သေများက ယာဉ်မောင်းသူအနေဖြင် အလွန်လျင်မြန်စွာ တမင်သက်သက် လုပ်ဆောင်သည့် ပုံစံမျိုးဖြင့် လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်းဆိုသည်။သို့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူများက တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်း မရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
 
တနင်္လာနေ့ညတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုရန်တို ရဲတပ်ဖွဲ့အကြီးအကဲ မက်ခ်ဆန်ဒါး က ကနဦးအနေဖြင့် ၉ ဦးမှ ၁၀ ဦးအထိသေဆုံးကြောင်း အချို့ခံရသူများမှာ ဆေးရုံအရောက်တွင် သေဆုံးကြောင်း နှင့် အခြားသူဒဏ်ရာရသူ ၁၅ ဦးမှာ ဆေးရုံတွင် ဆေးကုသလမှုခံယူလျက်ရှိကြောင်း ပြောသွားသည်။
 
မစ္စတာဆန်ဒါ အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် တိုရန်တိုမြို့ ဆင်ခြေဖုံး ရစ်ချက်မွန်ဟေလ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အယ်လ်ခ် မစ်နက်စ်စီရမ် ဖြစ်ကြောင်း အတည်ပြုပြောသွားသည်။ တာဝန်ရှိသူများအနေဖြင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အချက်အလက်အချို့သာ ထုတ်ပြန်ထားပြီး ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်၍ မျက်မြင် သက်သေများ မေးမြန်းခြင်း ရရှိထားသည့် ဗီဒီယိုများအား ကိုကြည်ရူခြင်း စသဖြင့် လုပ်ဆောင်နေသည့်အတွက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းဆိုသည်။
 
ဥရောပမြို့ အများအပြားတွင် ယင်းဖြစ်စဉ်နှင့်အလားသဏ္ဍာန် တူသော အကြမ်းဖက် တိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် တိုရန်တိုမြို့၌ ဂျီ ၇ နိုင်ငံခြားရေးရာနှင့် လုံခြုံရေး ၀န်ကြီးများ အစည်းအဝေးကို ကျင်းပ နေသောကြောင့် ယင်းဖြစ်စဉ်သည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်နိုင်သည်ဟု ယူဆနေကြခြင်းများ ရှိသည်။ ပြည်သူ လုံခြုံရေးဝန်ကြီး Ralph Goodale က ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုရှိမရှိ စုံစမ်းစစ်ဆေး နေကြောင်း ပြောသွားသည်။
 
Source : ITV
The Ladies News
 

 

Vote: 
No votes yet

Add new comment