ကမ်းဗရစ်ခ်ျမြို့စားနှင့် မြို့စားကတော်တို့၏ တတိယမြောက်ရင်သွေး သားယောက်ျားလေးဖွားမြင်

ကမ်းဗရစ်ခ်ျမြို့စား ဗြိတိန် တော်ဝင် မင်းသား ဝီလျံ၏ ကြင်ယာတော် ကက်သရင်း မစ်ဒယ်လ်တန်က လန်ဒန် မြို့ရှိ စိန့်မေရီ ဆေးရုံတွင် တတိယမြောက် သားယောက်ျားလေးကို ဧပြီ ၂၃ ရက် ဒေသ စံတော်ချိန် ၁၁ နာရီ ၁ မိနစ်တွင် ဖွားမြင်ကြောင်း သိရသည်။
 
မွေးဖွားလာသည့် ကလေးသည့် ၈ ပေါင် ၇ အောင်စရှိပြီး ကလေးရော မိခင်ပါ ကျန်းမာစွာ ရှိနေတယ်လို့ ကင်စင်တန် နန်းတော်က ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီးနောက် ဒေသစံတော်ချိန် ညနေ ၆ နာရီအချိန်ဝန်းကျင်ခန့်တွင် မင်းသားဝီလျံနှင့် ကြင်ယာတော်တို့မှ မွေးဖွားသည် ကလေးငယ်နှင့် အတူထွက်ကာ ပြည်သူများနှင့် မီဒီယာများအား တွေ့ဆုံခဲ့သည်။
 
ထီးနန်း အရိုက်အရာ ဆက်ခံဖို့ ပဉ္စမမြောက် နေရာမှာ ရှိသည့် ယခုဖွားမြင်လာသည့် သားတော်လေးဟာ၊ အဲလ်လိဇဘက်သ် ဘုရင်မကြီး သက်တော် ၉၂ နှစ်ပြည့်ပြီး ရက်ပိုင်းမှာ ဖွားမြင်လာခြင်းဖြစ်ကြောင်း သိရသည်။
 
ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံး
The Ladies News
 

 

Vote: 
No votes yet

Add new comment