အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ဇွန် ၂၉ ရက် ထိုးသတ်မည်

MMA ပြိုင်ပွဲတွင် ဝိတ်တန်းနှစ်ခု၌ ကမ္ဘာ့ချန်ပီယံဆုရထားသူ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
 
အောင်လအန်ဆန်သည် ယခုနှစ်တွင် ကမ္ဘာ့ ချန်ပီယံဆုကာကွယ် ပွဲနှစ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး ဇွန်လတွင် မစ်ဒယ်ဝိတ်တန်း နှင့် စက်တင်ဘာတွင် လိုက်ဟဲဗီးဝိတ်တန်းတို့ကို ထိုးသတ်ရ မည် ဖြစ်ကြောင်း သတင်းရရှိသည်။
 
အောင်လအန်ဆန်သည် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး ၄င်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည့်သူကိုမူ အသိပေးကြေညာခြင်း မရှိသေးပေ။
 
အောင်လအန်ဆန်သည် ကမ္ဘာ့ ချန်ပီယံဆုကာကွယ်ပွဲများ ထိုးသတ်ရန် အမေရိကန်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက် ရှိပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆု နှစ်ခုစလုံးကို ကာကွယ် ထိုးသတ် ရတော့မည် ဖြစ်သည်။
 
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment