မကွေးတိုင်းဒေသကြီးတွင် ရခိုင်ပြည်နယ်မှ ၀င်လာသည့် ဘင်္ဂါလီ ၁၀ ဦးနှင့် ၄င်းတို့အား အခကြေးငွေယူ၍ ခေါ်ဆောင်လာသူလေးဦး ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် မတ် ၂၀ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်မှ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂါလီ ၁၀ ဦးနှင့် ၎င်းတို့အား အခကြေးငွေယူ၍ ခေါ်ဆောင်လာသူ လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရေနံမနယ်မြေရဲစခန်းမှူးက The Ladies သို့ အတည်ပြုပြောသည်။
 
“ဈေးကြီးလမ်းမှာ မသင်္ကာဖွယ်ရာလူ လေးဦးဆိုင်ကယ် နှစ်စီးနဲ့တွေ့တော့ စစ်ဆေးမေးမြန်းတာ ဘင်္ဂါလီတွေကို ခေါ်လာတဲ့သူတွေ ဖြစ်နေတယ်။ ထပ်စစ်တော့ သူတို့ ဖွက်ထားတဲ့ ဘင်္ဂလီ ဆယ်ဦးရဲ့နေရာကိုလိုက်ပြတယ်။ ခေါ်လာတဲ့ လူလေးဦးကို (ပ)၁၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၃၆၇ နဲ့အမှုဖွင့်ထားတယ်။ ဘင်္ဂါလီ ၁၀ ဦး ကတော့ မင်းလှ လ၀က က ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ရေနံမနယ်မြေရဲစခန်းမှူးက ပြောသည်။
 
ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၂၄၅/၂) အနီး ဈေးကြီးကျေးရွာ အဝင်လမ်းထိပ်တွင် မသင်္ကာဖွယ် လူစိမ်း (၄)ဦး တွေ့ရှိကြောင်း မင်းလှမြို့နယ် လက်ပံတခါးကျေးရွာနေ ပြည်သူတဦး၏ သတင်းပေးချက်အရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ သွားရောက်စစ်ဆေးရာ ဘိုဘိုအောင်(၁၇)နှစ် အမ်းမြို့ နယ်၊ မောင်တင်(၃၇)နှစ် အမ်းမြို့ နယ်၊ ဦးပေ(၄၇)နှစ် အမ်းမြို့ နယ်၊ အောင်ဆန်း(၂၆)နှစ် အမ်းမြို့ နယ်နေသူတို့ကို တွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ (၁၀)ဦးအား တဦးလျှင် ကျပ် (၂၅၀၀၀၀ိ/) အခကြေးငွေယူ၍ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်းနောက် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၂၄၅/၂) အနီး (၄)ဖာလုံခန့် အကွာတောစပ်တွင် မာမွတ်ဆာဒတ် (၂၀)နှစ် မင်းပြားမြို့နယ်၊ အဒူဆလောင်း (၁၂)နှစ် မြောက်ဦးမြို့ နယ်၊ ချုံဂိုလား(ခ)ကျော်နိုင်စိုး (၁၄)နှစ် မြောက်ဦးမြို့ နယ်၊ ရှုနာလီ(ခ)အောင်ဆန်း (၁၂)နှစ် မြောက်ဦးမြို့ နယ်၊ မာမွတ်ကာဒတ်(ခ)ကျော်မင်းစိုး (၁၂)နှစ် မြောက်ဦးမြို့ နယ်၊ ရှိုင်းမောင်(ခ)ရွှေမောင်သိန်း (၁၉)နှစ် မြောက်ဦးမြို့ နယ်၊ ရှာဘောင်(၁၂)နှစ် မြောက်ဦးမြို့ နယ်၊ ကယာချာ(ခ)အာရှ (၁၉)နှစ် မြောက်ဦးမြို့ နယ်၊ နိုမာမောက် (၁၄)နှစ် မြောက်ဦးမြို့ နယ်၊ ဖိုးရိ(ခ)မောင်ကျော် (၁၄)နှစ် မြောက်ဦးမြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
ဖမ်းဆီးရမိသူများကို မင်းလှမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း မင်းလှ မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
 
Photo - ဒီလှိုင်း (ချောက်)
The Ladies News
 

 

Vote: 
No votes yet

Add new comment