ကျိုက်မရောမြို့နယ်၌ တူမီးသေနတ်ဖြင့် စနောက်ရာမှ ကျည်ပေါက်ထွက်ပြီး လူ ၁ ဦးသေဆုံး

ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာဟောင်း ဦးထုံး၏ ရာဘာခြံ၌ တူမီးသေနတ်ဖြင့် စနောက်ရာမှ ကျည်ပေါက်ထွက်ပြီး မတ်လ ၁၉ ရက်က လူ ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာဟောင်း ဦးထုံး၏ ရာဘာခြံ၌ ခြံစောင့်/အစေးခြစ်ခြင်း လုပ်ကိုင်နေထိုင်သူ ဖိုးသဲ(ခ) သဲမောင်(၁၈)နှစ်မှ အရှည် ၅ ပေ၊ ၅လက်မခန့်ရှိ လက်လုပ်တူမီးသေနတ်အား ယမ်းထောင်းထည့်ပြီး မောင်းတင်ထားသည်ကို သတိမေ့လျော့၍ ဇနီးဖြစ်သူ မနှင်းအေး(၂၂)နှစ်အား နောက်ပြောင်စဉ် ကျည်ပေါက်ထွက်ခဲ့ရာ မနှင်းအေးတွင် ဝဲနို့အုံ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် အလောင်းအား ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဖိုးသဲ(ခ)သဲမောင်(ဖမ်းမိ)အား ချောင်းနှစ်ခွ နယ်မြေရဲစခန်း (ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့်လူသေစေမှု) ဖြင့် လည်းကောင်း၊ (ပ)၂၆/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment