အောင်မြေသာစံမြို့နယ် အမှတ် ၄ ရဲစခန်းရှေ့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ဦးဆောင်သူအပါအ၀င် ၁၁ ဦးကို ဖမ်းဆီးထား

အောင်မြေသာစံမြို့နယ် အမှတ် ၄ ရဲစခန်းရှေ့တွင် မတ်လ ၁၈ ရက်က လူစုလူဝေးဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ဦးဆောင်သူ အပါအ၀င် ၁၁ ဦးကို ဖမ်းဆီးအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
လူစုလူဝေးအား ဦးဆောင်ပြုလုပ်သူ ဖိုးဇော်(ခ) ဇော်ကိုဝင်း၊ (၂၅)နှစ်ပါ ၄ ဦး(ကျား ၃၊ မ ၁) အား အမှတ်-၄၊ နယ်မြေရဲစခန်း (ပ)၅၀/၂၀၁၈၊ ပပက၆(၁)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ၊ဖိုးဇော်(ခ)ဇော်ကိုဝင်း ပါ ၄ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်မျိုးစုံ ၁၃ စီး သိမ်းဆည်းရမိခဲ့သည်။
 
ယင်းနောက် ၉x၈၀ လမ်းထောင့်နှင့် ၁၀x၈၀ လမ်းပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါ အဖွဲ့ဖြင့် လုံခြုံရေး ဆောင်ရွက်နေစဉ် ခန့်မင်းပိုင်၊ (၁၈)နှစ်ပါ ကျား ၇ ဦးမှ ဆဲဆိုပြီး ကျောက်ခဲ/ပုလင်းများဖြင့် ပစ်ပေါက်ခဲ့၍ ခန့်မင်းပိုင်ပါ ကျား ၇ ဦး (ဖမ်းမိ)အား အမှတ်-၄ နယ်မြေရဲစခန်း(ပ) ၅၁/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၅၃/ ၃၃၆/ ၁၁၄ (ဆဲဆိုမှု/ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား လက်ရောက်မှု/ ခဲပေါက်မှု/ အားပေး ကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်နေ မ××××၊ (၇)နှစ်သည် အိမ်ချင်းကပ်နေထိုင်သူ ကျော်စိုး(၄၈)နှစ်၏ အိမ်ရှေ့တွင် ရပ်ထားသော ကားပေါ်၌ ဆော့ကစားနေစဉ် ကျော်စိုးမှ မ××××၏ စအိုပေါက်အား လက်ဖြင့် ထိုးခဲ့ကြောင်း ပြောပြသိရှိရ၍ မတ်လ ၁၈ ရက်နေ့တွင် ဒေါ်××××(မ××××၏မိခင်) (၃၄)နှစ် မှ တိုင်တန်း၍ ကျော်စိုး(ဖမ်းမိ)အား အမှတ်-၄၊ နယ်မြေရဲစခန်း (ပ)၄၉/၂၀၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာ ဆန့်ကျင်၍ ကာမဆက်ဆံမှု)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။
 
ယင်းနောက်ပိုင်းတွင် အမှတ်-၄၊ နယ်မြေရဲစခန်းရှေ့သို့ လူအင်အား ၄၀၀ ကျော်ခန့်က တရားခံ ကျော်စိုးအား ထုတ်ပေးရန် စုရုံးရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုခြင်း၊ ခဲများဖြင့်ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့၍ ၁၂ ဗို့ ပြောင်းချောဖြင့် မိုးပေါ်သို့ ၁ ချက် သတိပေးပစ်ခတ်ခဲ့သည်။
 
လူအုပ်မှခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲစခန်းဝင်းအတွင်းရှိ အမှတ်-၄၊ နယ်မြေရဲစခန်း (ပ)၃၂၈/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ အမှုမှ 6G/×××× Alphard ယာဉ်(မြို့နယ်တရားရုံးမှ အပ်နှံထားသည့် သက်သေခံယာဉ်)၏ နောက်မှန် အကြီး ၁ ချပ်၊ ဘေးမှန် ၁ ချပ်နှင့် (ပ)၃၆၆/ ၂၀၁၇၊ပပက၆(၁)ဖြင့် သိမ်းဆည်းထားသည့် 8I/×××× Express မှန်လုံယာဉ်(တရားရုံး စစ်ဆေးဆဲ သက်သေခံယာဉ်)၏ ဘေးမှန် ၁ ချပ်နှင့် အချက်ပြမီးခွက် ၁ ခုတို့ ထိမှန်ပျက်စီးခဲ့သည်။
 
၂၀:၄၀ အချိန်တွင် တရားခံ ကျော်စိုးအား အောင်မြေသာစံမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင် ထားရှိခဲ့ပြီး စုရုံးရောက်ရှိလာသည့် လူအုပ်အား မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးတို့ ဦးစီးအဖွဲ့မှ ဖြေလျော့လူစုခွဲခဲ့ရာ ၂၁၂၅ အချိန်တွင် လူစုကွဲသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment