ရခိုင်ပြည်နယ်အတွင်းရှိ မျက်စိအတွင်းတိမ်ဝေဒနာရှင်များကို မတ်လ ၂၁ ရက်နေ့ထိအခမဲ့ခွဲစိတ်ကုသပေးလျက်ရှိ

ရခိုင်ပြည်နယ်အတွင်းရှိ မျက်စိအတွင်းတိမ်ဝေဒနာရှင်များကို မတ်လ ၂၁ ရက်နေ့ထိ အခမဲ့ခွဲစိတ်ကုသ ပေးလျက်ရှိကြောင်း ရွှေကရုဏာဖောင်ဒေးရှင်းထံက သိရသည်။
 
အဆိုပါ အခမဲ့ ခွဲစိတ်ကုသပေးမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရွှေကရုဏာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး မျက်စိအတွင်းတိမ် ဝေဒနာရှင်များကို စစ်တွေမြို့ ရွှေကရုဏာ စေတနာဆေးခန်း၌ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မတ် ၂၁ ရက်အထိ အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
 
မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးရာတွင် ရွှေကရုဏာဖောင်ဒေးရှင်းအနေဖြင့် ၁၂ ကြိမ်မြောက် ကုသပေးခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူမည့် သူများကိုလည်း စစ်တွေမြို့တွင် တည်းခိုနေထိုင်နိုင်ရန် စီစဉ်ပေးထားခြင်းများ ရှိကြောင်း သိရသည်။
 
အခမဲ့ခွဲစိတ်ကုသပေးရာတွင် ရန်ကုန်မြို့၊ မျက်စိအထူးကုဆေးရုံကြီးမှ မျက်စိအထူးကု ပါမောက္ခ ဒေါက်တာ ခင်ဥမ္မာခိုင် ဦးစီးသည့် ဆရာဝန် ကိုးဦး၊ မျက်မှန်ကျွမ်းကျင်တစ်ဦးနှင့် သူနာပြုဆရာမ လေးဦးတို့က ကုသပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
 
 
The Ladies News
 

 

Vote: 
No votes yet

Add new comment