ယာဉ်တိမ်းမှောက်ခဲ့တဲ့ ဇာတ်အဖွဲ့သားတွေအတွက် အလှူငွေ ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တဲ့ ဖိုးချစ်

ဇာတ်သဘင်လောကမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ဇာတ်မင်းသား ဖိုးချစ်ကတော့ မကြာမီရက်ပိုင်းအတွင်းက ယာဉ်တိမ်းမှောက်ခဲ့တဲ့ ဇာတ်သဘင် အဖွဲ့သားတွေအတွက် အလှူငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မင်းမင်းဦးဇာတ်သဘင် အဖွဲ့ဟာ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နဲ့ နောင်ချိုမြို့နယ်ကြား လမ်းတစ်နေရာမှာ ယာဉ်တိမ်းမှောက်ခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။

အဆိုပါသတင်းဆိုးကြီးကို ကြားသိရတဲ့ ဖိုးချစ်ဟာ အောင်လံမြို့နယ်မှာ ကပြဖျော်ဖြေရင်း နောက်ဆုံးညကို ဆက်မကတော့ဘဲ ယာဉ်တိမ်းမှောက်မှုကြောင့် ဆေးကုသမှု ခံယူနေရတဲ့ ဇာတ်အဖွဲ့သားတွေကို ကိုယ်တိုင်ကိုယ်ကျ သွာရောက်နှစ်သိမ့်ခဲ့ပြီး အလှူငွေများလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဖိုးချစ်ဟာ ယာဉ်တိမ်းမှောက်သူတွေအတွက် အလှူငွေအဖြစ် အောင်လံမြို့မှာ ကပြဖျော်ဖြေပြီး ဒုတိယမြောက်နေ့မှာ ရရှိခဲ့တဲ့ ဇာတ်သဘင်တစ်ဖွဲ့လုံးစာ ငွေကျပ် သိန်း ၃၀ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို လည်း ၄င်းကိုယ်တိုင် အားပေးနှစ်သိမ့်ခဲ့ပါတယ်။

ဇာတ်သဘင်လောကကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့ မင်းသားချောလေး ဖိုးချစ်ဟာ လက်ရှိ သဘင်အနုပညာမှာလည်း ထိပ်ဆုံးမှ ရပ်တည်နေသလို လှူဒါန်းမှုတွေကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိတာကို တွေ့ရပါတယ်။ လတ်တလောမှာလည်း ဇာတ်ပွဲတွေ ဆက်တိုက်လိုက်လံ ဖျော်ဖြေနေရပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

The Ladies News
 

Vote: 
No votes yet

Add new comment