လူကြိုက်များလှသည့် ကိုရီးယားရုပ်သံစီးရီးများကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်မည့် စိတ်လှုပ်ရှားစရာ Shwe Stream အက်ပလီကေးရှင်းအသစ်ကို MPT က စတင်မိတ်ဆက်

MPT က ရုပ်သံဗွီဒီယို များကို အွန်လိုင်းပေါ်က တိုက်ရိုက်ကြည့်ရှုနိုင်မည့် ထိပ်တန်းဝန်ဆောင်မှု ထုတ်ကုန်သစ် တစ်ခုဖြစ်သော Shwe Stream အက်ပလီကေးရှင်းကို မတ် ၁၃ ရက်နေ့တွင် စတင် မိတ်ဆက်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုဝန်ဆောင်မှုအသစ်တွင် MPT သုံးစွဲသူများ အနေဖြင့် ကိုရီးယား ရုပ်သံဇာတ်လမ်းများ၊ ကိုရီးယား Variety Show များကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။MPT အသုံးပြုသူများအနေဖြင့် ရာပေါင်းများစွာသော ရုပ်ရှင်များနှင့် တီဗွီအစီအစဉ်များကို မြန်မာ၊ အင်္ဂလိပ် စာတန်းထိုးဖြင့် တစ်ပတ်တာ အခမဲ့ ရယူ ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါဝန်ဆောင်မှု အသစ်ကို အလွန်သက်သာသော နေ့စဉ်ပေးဝန်ဆောင်မှုစနစ်ဖြင့် တစ်ရက်လျှင် ၉၉ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) ပေးသွင်းရုံဖြင့် ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ ဝန်ဆောင်မှုအသစ်ကို ရယူသုံးစွဲကြမည့် MPT သုံးစွဲသူ အားလုံးအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ပထမတစ်ပတ်တာ ဝန်ဆောင်မှု အသုံးပြုခကို အခမဲ့ ပေးအပ်သွားမည် ဖြစ်သည်။ Shwe Stream ကို အသုံးပြုသူများအနေဖြင့် မည်သည့် နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များဖြင့်လည်း MPT ကွန်ရက်ပေါ်မှ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး၊ အကျယ်ပြန့်ဆုံး ဖျော်ဖြေရေး အစီအစဉ်တွေကို ဈေးသက်သက်သာသာနဲ့ ရယူသုံးစွဲနိုင်မယ်ဆိုတဲ့ ပေးအပ်ထားတဲ့ကတိကို ထပ်လောင်း အတည်ပြုတဲ့အနေနဲ့ အခုလိုအကောင်းဆုံး ကိုရီးယား ရုပ်သံစီးရီးတွေ၊ ဇာတ်လမ်းတွဲ အစီအစဉ်တွေကို မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် သယ်ဆောင်လာ ပေးနိုင်ခဲ့ပြီဖြစ်လို့ တကယ့်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒီဝန်ဆောင်မှုဟာ ကြည့်ရှုမယ့်သူတွေ မျှော်လင့်နေကြတဲ့ လိုအပ်ချက်အတိုင်း သူတို့လိုချင်တဲ့အချိန်မှာ သူတို့နှစ်သက်တဲ့ဖျော်ဖြေရေး အစီအစဉ်တွေ ကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ဗွီဒီယိုတွေကြောင့် ကြည့်ရှုသူတွေအနေနဲ့ စိတ်ကျေနပ်မှု အပြည့်အဝ ရှိမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပိုပိုပြီးတော့ ကောင်းမွန်တဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကို ပံ့ပိုးကူညီပေးနိုင်ရုံသာမက ကိုယ်လိုချင်တဲ့ ဝန်ဆောင်မှုကို ရယူနိုင်မယ့် အခပေး ရုပ်သံဝန်ဆောင်မှု စနစ်တစ်ခုကိုပါ ထောက်ပံ့သွားမှာဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

Shwe Stream အက်ပလီကေးရှင်း ဝန်ဆောင်မှုအသစ်ကို http://bit.ly/ShweStreamApk တွင် Android Version အတွက် ဒေါင်းလုတ်ခ်ပြုလုပ် ရယူနိုင်မည် ဖြစ်သည်။

The Ladies News
 

Vote: 
No votes yet

Add new comment