စီ​ရိုနယ်လ်ဒိုဟာ အခြားကမ္ဘာကလာတဲ့သူလို့ ချီးကျုးလိုက်​တဲ့​ ရီးရဲယ်​မက်​ဒရစ် နည်းပြဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြကြီး ဇီဒန်းဟာ အီ​ဗာအသင်းကို အ​ဝေးကွင်းမှာ ၂ - ၁ ဂိုးနဲ့ အနိုင်​ရရှိခဲ့တဲ့ပွဲစဉ်​မှာ အသင်းအတွက် အနိုင်ဂိုးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ခရစ်​စတီယာနို​ရိုနယ်လ်​ဒို ကို အခြားကမ္ဘာက လာတဲ့သူလို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပေါ်တူဂီတိုက်စစ်မှူးဟာ ပွဲကစားချိန် ၃၄ မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး အီ​ဗာကစားသမား အိုင်​​ဗန်​ရာမစ်​ရဲ့ ပြန်လည်ခြေပဂိုး​ကြောင့်​ ရီးရဲယ်​မက်​ဒရစ် တို့ ရုန်းကန်​ခဲ့ရပေမယ့်လည်း ပွဲကစားချိန်ပြီးဆုံးခါနီး ၆ မိနစ်အလိုမှာ စီရိုနယ်လ်ဒိုကပဲ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး အနိုင် ၃ မှတ်ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ကျေနပ်နေခဲ့တဲ့ နည်းပြကြီး ဇီဒန်းကတော့ ၄င်းရဲ့ တိုက်စစ်မှူးကို အခုလို ချီးကျူးစကား ဆိုထားပါတယ်။ 

“ကျွန်တော့်အတွက်ကတော့ စီရိုနယ်လ်ဒိုက အခြားကမ္ဘာက လာတဲ့သူပါပဲ။ သူလုပ်သမျှတွေဟာ အကောင်းဆုံးတွေ ဖြစ်ခဲ့တယ်။ သူဟာ အခြားကစားသမားတွေနဲ့ မတူတဲ့ ကျွန်တော် အကြိုက်ဆုံး ကစားသမားတစ်ဦးပါ။ သူရရှိထားတဲ့ စံချိန်တွေ တစ်ဦးချင်း ဆုတံဆိပ်တွေက သူဟာ ဘယ်လို လူမျိုးလဲဆိုတာကို ပြသနေပါတယ်။ သူက တကယ့်ကို ထူးချွန်ထက်မြတ်တဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော့်အသင်းဟာ ဒီပွဲမှာ ကစားပုံ ဆိုးရွားနေခဲ့တာပါ။ ဒါ​ပေမယ့်​ သူက သူဘာလုပ်သင့်တယ် ဆိုတာကို ကောင်းကောင်းသိတဲ့ ကစားသမားတစ်ဦးပါ။ အခွင့်​အ​ရေး အနည်းငယ်​ ရတာနဲ့တင်​ သူဟာ ဂိုး​တွေအများကြီး သွင်းယူနိုင်​တဲ့ ကစားသမားမျိုးလည်း ဖြစ်ပါတယ်” လို့ ချီးကျူးစကား ဆိုခဲ့တာ ဖြစ်ပါတယ်။

Ref: ESPN
The Ladies News

Vote: 
No votes yet

Add new comment