ကိုဖုန်းမော်ပွဲ အမှတ်တရစကားအသံများ

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပထမဦးဆုံးအကြိမ် အဖြစ် လက်ဆင့်ကမ်း ဦးစီးကျင်းပသည့် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း နှစ် ၃၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွင် အမှတ်တရ စကားသံများအဖြစ် .....
 
 
ဦးကိုကိုကြီး
.
“ထူးခြားချက်ပြောရရင် ကျွန်တော်တစ်ဦးတည်း အနေနဲ့ဆိုရင် ပုဂ္ဂိုလ်ဘ၀ တစ် ဆစ်ချိုး ပြောင်းလဲသွားတာပါပဲ။ တကယ်က လွန်ခဲ့တဲ့နှစ် ၃၀ တုန်းက ကျွန်တော် က ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာန နောက် ဆုံးနှစ် ကျောင်းသား ပုံမှန်အားဖြင့် ကျောင်းပြီးရင် အစိုးရအလုပ်တစ်ခုခု ၀င်မယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု လုပ်ချင်လုပ်မယ်။ သာမန်အဲ့ဒီအချိန် က ကျောင်းသားတစ်ယောက်ရဲ့ ဘ၀ပေါ့။ အဲ့ဒီကနေ နိုင်ငံရေးသမား တစ်ယောက် ဖြစ်သွားတာက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း ၈ လေးလုံး အရေးတော်ပုံ အဲ့ဒီအကျိုးဆက်က ကျွန်တော့်ဘ၀ တစ်ခုလုံးကို ပြောင်းသွားတာပါပဲ။ အဲ့ဒီအတွက် လည်း ကျေကျေနပ်နပ်ကြီးကို ခံယူပါတယ်။ ဒါက နိုင်ငံရဲ့လိုအပ်ချက်အရ ကျွန်တော်တို့ဘ၀တွေကို တစ်ဆစ်ချိုး ပြောင်းလဲသွားတာဖြစ်တယ်။ တစ်ခုကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ကျောင်းသားသမဂ္ဂတွေ လုပ်ခဲ့တယ် ဆိုတာက မြေအောက် လှုပ်ရှားမှုနဲ့ ဆောင်ရွက်ခဲ့ကြတယ်။ ဒီနေ့ဒီချိန်မှာတော့ ကျောင်းသားသမဂ္ဂတွေ ပေါ်လာတယ်။ ဒီလိုပွဲအခမ်း အနားတွေ လုပ်လို့ရတယ်ဆိုတာတော့ အရင်ထက်စာရင် ဖြစ်ပေါ်တိုးတက် မှုလို့ ပြောလို့ရတယ်။ လူငယ်ဘ၀မှာ ခေတ်တစ်ခေတ်မှာ ပုခုံးပေါ်ရောက်လာ တဲ့ တာဝန်ဖြစ်တယ်။ အဲ့ဒီဟာက ဘယ်လောက် ကျေကျေပြွန်ပြွန် ထမ်းဆောင်သလဲဆိုတာ လူငယ်တစ်ယောက် တန်ဖိုးဖြစ်တယ်။ ဒီနေရာမှာ တချို့လည်း အဲ့ဒီအချိန်တုန်းက ၈ လေးလုံးအရေးတော်ပုံမှာ တက်တက်ကြွကြွ သူနိုင် သလောက် ၀င်ထမ်းခဲ့တဲ့ပြီးတဲ့ အခါကျတော့ ဌာန ဆိုင်ရာ အလုပ်သဘာဝတွေ ပြောင်းသွားတယ်။ အခုပြန်တွေ့တော့ အရင်တုန်းက စိတ်ဓာတ်တွေ ပြန်တွေ့ရတယ်။ ဒါက ဒါကိုကျေနပ်ပီတီ ဖြစ်မိ တယ်။ လူငယ်တွေအနေနဲ့ မတရားမှုတွေ ရင်ဆိုင်လာတဲ့ အခါမှာ သူ့ခေတ်သူ့အခါ ထမ်းဆောင်ရတဲ့တာဝန်ကိုတော့ ကျေပြွန်စေချင်ပါတယ်”
.
 
 
ကိုဖုန်းမော်အစ်မအကြီးဒေါ်မာမာဝင်း
.
ဒီပွဲလေးဖြစ်မြောက်အောင် ကျင်းပပေးတဲ့ ဆရာကြီး၊ ကျောင်းသား များ၊ ကျောင်းသားဟောင်းများကို ကျေးဇူးအထူးတင်တယ်။ ၀မ်းလည်း သာတယ်၊ နှစ်တိုင်းလည်း လုပ်စေချင်တယ်။ လုပ်ပေးပါလို့ တောင်းဆိုချင် တယ်။ မတရားလုပ်တဲ့သူကို တရားသမားက အနိုင်ရပါတယ်။ မမှန်တာလုပ်တဲ့သူကို အမှန်တရားက အနိုင်ရပါတယ်။ တစ်နေ့ကျရင် အနိုင်ရမှာပါ။ တစ်နေ့ကျရင် အမှန်တရားဟာ ပေါ်မှာပါ။ တစ်နေ့ဆိုတာ ရှိပါတယ်။ အမြဲတမ်း အနိုင်ရမယ်ဆိုတာ မရှိသလို အမြဲတမ်းရှုံးနိမ့်မယ် ဆိုတာ မရှိပါဘူး။ တစ်နေ့ဆိုတာ အနိုင်အရှုံးက ဆုံးဖြတ်ပါလိမ့်မယ်။ အမှန်တရားက ဆုံးဖြတ်ပေးပါမယ်။
.
 
 
ဦးမြင့်ဦး
(ကိုဖုန်းမော်တို့နှင့်အတူ သေနတ်မှန်ခဲ့သူ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း)
.
ပြောရရင်တော့ အရှည်ကြီးပဲ။ ၈၇ ခုနှစ် ငွေစက္ကူအရေးကိစ္စနဲ့ ပတ်သက်ပြီး မဆလ အစိုးရက ကျောင်းသားတွေ အပေါ်မှာ မကျေလည်တာတွေ ရှိတယ်။ ဘာဖြစ်လို့ဆို ငွေစက္ကူတွေ တရားမ၀င်ဘူးလို့ ၁၉၈၇ စက်တင်ဘာ ၅ ရက်မှာ ငွေစက္ကူတွေ တရားမ၀င်ကြောင်း ကြေညာပြီးနောက် ကျွန်တော်တို့ စက်မှုတက္ကသိုလ် ကျောင်းသားတွေက အရေးဆိုတာ ကျောင်းတွေပိတ် လိုက်ရတယ်။ အဲ့လို ပြသ၁နာရှိတယ်။ အခု အရပ်သားနဲ့ ပြသ၁နာဖြစ်တယ် ဆိုတော့ အစိုးရက ကြိုတင်စီစဉ်ထားပုံရတယ်။ ကျွန်တော်တို့ကို ဖြေရှင်း တဲ့နေရာမှာလည်း ဘာပြသ၁နာမှ ဖြစ်နေတာမဟုတ်ဘူး။ ကျွန်တော် တို့ ကျောင်းသားတွေက ကျောင်းဝင်းထဲမှာ ရှိနေတာ။ အဲ့ဒါကို ကျွန်တော်တို့ ကို မီးသတ်ပိုက်တွေ ထိုးတယ်။ မျက်ရည်ယိုဗုံး ပစ်တယ်။ အဲ့ဒီနောက် သေ နတ်တွေ ဆက်ပစ်တယ်။ ကျွန်တော်တို့က နောက်ဆုံးမှာ ကျန်ခဲ့တာ ကျွန်တော်နဲ့ ကိုဖုန်းမော်က တစ်တန်းထဲမှာရှိတာ၊ တော်တော်ကို ဝေးပါ တယ်။ ခြံစည်းရိုးနဲ့ သေနတ်မှန်တဲ့ ရေပန်းအ၀ိုင်းက တော်တော်လေးဝေးပြီး ဒါတောင် သေနတ်လာမှန်သေးတာပေါ့။ ကျွန်တော့်ကို ကျောကုန်းမှန် လို့ မှောက်ပြီးလဲသွားတာပေါ့။ လဲသွားတော့ သေပြီဆိုပြီး မှောက်နေသေး တယ်။ ဘုရားတရား အာရုံပြုတယ်။ လေးဘက်ထောက် ကုန်းထတော့ မသေသေးဘူးပေါ့၊ ရင်ဘတ်ကို စမ်းကြည့်တော့ ပွင့်မသွားဘူး။ မသေသေး ဘူးပေါ့။ အဲ့ဒီအချိန် ကိုဖုန်းမော်က ကျွန်တော် ဘယ်ဘက်ဘေးမှာ လဲသွားတယ်။ သူက အချက်ရေများတာပေါ့။ သူ့ကိုတော့ ဆရာတွေက လာပြေးဆင်းဆွဲကျတာပေါ့။ ကျွန်တော့်ကိုတော့ လှေကား အဆင်း နား ရောက်တော့ ကျောင်းသားတွေ လာဆင်းခေါ်တာပေါ့။ ပြီးတော့ စောစော က ပန်းခွေချတဲ့နေရာမှာ နှစ်ယောက်ကို ချထားတယ်။ အဲ့ဒီအချိန်မှာ ကျောင်း သားတွေက ငိုယိုပေါ့၊ တိုင်ကိုခေါင်းနဲ့ ပြေးစောင့်သူက စောင့်၊ မှန်ကိုရိုက်ခွဲ တဲ့သူက ခွဲ၊ အဲ့လိုဖြစ်နေကြပြီ။ အဲ့ဒီအချိန်မှာ ဆရာတွေ ရောက်လာ တယ်။ ဆေးရုံပို့မှဖြစ်မယ်။ ဒီအတိုင်းထားလို့ မဖြစ်ဘူးဆိုပြီး ဆရာတွေက ထမ်းပြီးထွက်လာတယ်။ ကိုဖုန်းမော်နဲ့ ကျွန်တော်တို့ကို ကျောင်း အပေါက်ဝ ရောက်တော့ လုံထိန်းတွေက ဆရာတွေကို ၀ိုင်းရိုက်တာပေါ့။ ဆရာတွေ အရိုက်ခံရတယ်။ အဲ့ဒီတော့ ပြောပါတယ်။ ဆရာတွေပါ ကျောင်း သားတွေကို အသေမခံနိုင်ဘူးဆိုပြီး ပြောတဲ့အခါမှာ သူတို့ လုံထိန်းကားနဲ့ပဲ ကျွန်တော်တို့ကို ဆေးရုံပို့ပေးတယ်။ ကိုဖုန်းမော်က ကားပေါ်ရောက်တဲ့ အချိန်မှာ အသက်က မပါတော့ဘူး။ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရောက်တယ်။ အဲ့ဒီရောက်တော့ အသင့်စောင့်နေတဲ့ ထောက် လှမ်းရေးတွေက ခေါ်သွားတယ်။ ဆရာဝန်တွေနဲ့ ပေးမတွေ့ ဘူး။ ဆရာဝန်တွေကို သူတို့က ဒီကျောင်းသားတွေက စက်မှုတက္ကသိုလ် ကျောင်း သားတွေ၊ အရပ်သားနဲ့ ရန်ဖြစ်တာ၊ အရပ်သားတွေ လှံနဲ့ထိုးလို့ ဒဏ်ရာ ရကြတာ၊ ဆေးကုပေးဖို့ ဆရာဝန်တွေကိုပြောတယ်။ ကျွန်တော် တို့ ပြောခွင့်မရှိဘူး။ ပြီးမှ ဆရာဝန်ကြီးကို လက်ဆွဲပြီး တိုးတိုးလေးပြော ရတယ်။ ဆရာ ကျွန်တော်တို့က သေနတ်မှန်တာ ကျွန်တော်တို့က အချွန်နဲ့ထိုးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်ထဲမှာ ကျည်ဆံရှိတယ်။ ဓာတ်မှန်ရိုက်ကြည့်ပါ ပြောတော့ ဓာတ်မှန်ရိုက်ကြည့်တာ ကျည်ဆံတွေ တွေ့တယ်။
 
အခုက အရမ်းဝမ်းသာပါတယ်။ မနှစ်ကစပြီးတော့ပေါ့။ အခုက အရပ်သားအစိုးရလည်း ဖြစ်လာပြီ။ အစိုးရ အပြောင်းအလဲဖြစ်လာပြီ။ အစိုးရ၊ ကျောင်းသား နားလည်မှု အတော်အတန်ရှိလာပြီ။ ကျောင်းသား အစိုးရ ပြေလည်လာကြပြီ၊ အရင်နှစ်တွေတုန်းက ဒီအခမ်းအနားတွေကို ကျွန်တော်တို့ ကျောင်းသားဟောင်းတွေကပဲ ဦးစီးပြီး ကျင်းပတာဖြစ်တယ်။ မနှစ်တုန်းကတော့ ပညာရေးဝန်ကြီးဌာနကို တောင်းဆိုတယ်။ ကိုဖုန်းမော်က ဒီကျောင်းသားဖြစ်တယ်။ ကိုစိုးနိုင်က ဒီကျောင်းသားဖြစ်တယ်။ ဖြစ်ခဲ့ တဲ့ နေရာမှာပဲ ဒီအခမ်းအနားကို စီစဉ်ပါရစေ ခွင့်တောင်းလို့ ကျောင်းထဲမှာ ကျင်းပခွင့်ရခဲ့ပါတယ်။ ဒီနှစ်ကတော့ မျိုးဆက်သစ်တွေကို လက်လွဲလိုက် တဲ့သဘောပါ။ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂတွေ စတင်ကျင်းပတဲ့ ပထမနှစ်ပါ။ ဒီနှစ်က အင်မတန်ထူးခြားပါတယ်။ နှစ် ၃၀ လည်း ဖြစ်တယ်။ ရန်ကုန်နည်းပညာ တက္ကသိုလ် ဦးဆောင်ကျင်းပတဲ့ပွဲ ဖြစ်လို့ပါပဲ။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment