အစ္စကို ကို နွေရာသီအတွက်ပြစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား အစ္စကို ခေါ်ယူဖို့ ပြစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာနေပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ မန်စီးတီးအသင်းကို ယှဉ်ပြိုင်နိုင်ဖို့ အစ္စကို ကို အခုလို ခေါ်ယူလိုနေတာဖြစ်တယ်လို့ DonBalon က ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
 
အဆိုပါကစားသမားဟာ ယခုနှစ် လာလီဂါမှာ အသင်းအတွက် ပွဲအနည်းငယ် ကစားခွင့်ရထားပြီး အရန်ခုံမှာသာ အချိန်တွေ ကုန်ဆုံးနေရသူလည်း ဖြစ်ပါတယ်။ အထူးသဖြင့် နည်းပြကြီးဇီဒန်း အသုံးပြုလေ့ရှိတဲ့ စီရိုနယ်လ်ဒို၊ ဘန်ဖီမာ၊ ဂါရတ်ဘေးလ် အစရှိတဲ့ BBC တိုက်စစ်အတွဲဟာ ယခုနောက်ပိုင်းမှာ အချိတ်ဆက်မိမိနဲ့ ပြန်လည် အသက်ဝင်လာခဲ့တာကြောင့် ၄င်း ပွဲကစားခွင့်ဟာ ပိုမိုနည်းပါးလာရတာလည်း ဖြစ်ပါတယ်။ နည်းပြကြီး ဇီဒန်းဟာ မကြာသေးမီက အစ္စကိုကို အသင်းမှာသာ ဆက်လက်ရှိနေစေဖို့နဲ့ ကစားသမားဘ၀ကို ရီးရဲလ်မှာသာ ကုန်ဆုံးဖို့ တိုက်တွန်းထားသော်လည်း ပုံမှန်ပွဲထွက်ခွင့်မရရှိခြင်းက အဆိုပါကသစားသမားကို မပျော်မရွှင်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လို့နေပါတယ်။
 
အဆိုပါကစားသမားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် မြို့ခံပြိုင်ဘက် ၂ သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အပြင် မန်စီးတီးအသင်းကပါ စိတ်ဝင်စားနေတယ်လို့ သိရပြီး မန်ယူနိုက်တက်နည်းပြကြီး မော်ရင်ဟိုကတော့ အဆိုပါကစားသမားကို လက်ဦးမှုရရှိဖို့ အစွမ်းကုန် ပြင်ဆင်လျက်ရှိတယ်လို့ Don Balon က ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ အပြိုင်ပစ်မှတ်ထားနေတဲ့ ဒီပို့ဒီဗိုအသင်းမှ ပင်ချီကို လာမယ့်နွေရာသီအတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ်သာရှိသေးတဲ့ အဆိုပါကစားသမားဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အတွေ့အကြုံသစ် ရှာဖွေလိုတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ ကစားသမားကို ခေါ်ယူပါက အလွတ်ပြောင်းရွှေ့ကြေးနီးပါးဖြင့် ရရှိနိုင်တာကြောင့်လည်း ပရီးမီးယား လိဂ် အသင်းတွေက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment