မော်ရင်ဟို ဘာတွေစွမ်းဆောင်ပြနိုင်လို့ စာချုပ်သစ်ထပ်ချုပ်တာလဲလို့ ဝေဖန်လိုက်တဲ့ ဂျေမီရက်နက်

Sky Sport စီစဉ်တင်ဆက်သူ ဂျေမီရက်နက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ မကြာသေးမီရက်ပိုင်းအတွင်းက စာချုပ်သစ် ချုပ်ဆိုထားတဲ့ ယူနိုက်တက်နည်းပြကြီး မော်ရင်ဟိုက ဘာတွေ စွမ်းဆောင်ပြပြီးပြီလဲလို့ အသင်းတာဝန်ရှိသူတွေကို မေးခွန်းထုတ်လိုက်ပါတယ်။ မော်ရင်ဟိုဟာ မနေ့က မနက်ပိုင်းကလည်း မန်ယူ ဂန္တ၀င်ကစားသမား ဂယ်ရီနယ်လ်ဗီးရဲ့ ဝေဖန်မှုကို ခံထားရပြီး ယခုအခါမှာတော့ အင်္ဂလန်ဘောလုံးကျွမ်းကျင် တစ်ဦးဖြစ်တဲ့ SkySport စီစဉ်တင်ဆက်သူ ရက်နက်ရဲ့ ပြင်းပြင်းထန်ထန် မေးခွန်းထုတ် ဝေဖန်မှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
 
Daily Mail သတင်းစာရဲ့ ဖော်ပြထားချက်အရ ရက်နက်ဟာ မော်ရင်ဟိုရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီး အခုလို ဝေဖန်ထားတာကို တွေ့ရပါတယ်။ "ယူနိုက်တက်က သူ့ရဲ့ တစ်နှစ်ခွဲကျန်ရှိနေသေးတဲ့ စာချုပ်ကို သက်တမ်း တိုးလိုက်တော့ ကျွန်တော် တော်တော်လေးကို အံ့သြခဲ့ရပါတယ်။ အခုလက်ရှိအချိန်ထိ အဲ့သည် စာချုပ်အတွက် သူဘာတွေ စွမ်းဆောင်ခဲ့ပြီးပြီလဲ၊ ပြီးခဲ့တဲ့ရာသီက League Cup ဖလားနဲ့ ယူရိုပါလိဂ် ဖလား ရအောင်ယူပေးနိုင်ခဲ့ တယ်။ ဒီရာသီမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အထိ ရောက်အောင် စွမ်းဆောင်ပြထားတယ်။ ဒါပေမယ့် သူ့ကို ယူနိုက်တက် ခန့်အပ်ထားတာက အမြဲတမ်း မန်စီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာနဲ့ ပုခုံးချင်းယှဉ်နိုင်အောင်လို့ ရည်ရွယ်ထားတာပါ။ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ သူတို့အသင်းဟာ မန်စီးတီးအသင်း နဲ့ ၁၆ မှတ်အထိ ကွာဟသွားခဲ့ရပါပြီ။ ထပ်ပြောရရင် မန်စီးတီးထက်အရာရာ အားလုံးနီးပါး နောက်ကျနေခဲ့ပါပြီ။ ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ အသင်းကို လူတိုင်းပါးစပ်ဖျားမှာ အကောင်းဆုံး အသင်းတစ်သင်းလို့ ပြောနေကြချိန်မှာ ကျွန်တော်တို့ ယူနိုက်တက် အသင်းကတော့ ပွဲတစ်ပွဲအတွက် အကောင်းဆုံးကစားသမား ၁၁ ယောက်တောင် မှန်ကန်အောင် ရွေးချယ်နိုင်ခြင်း မရှိသေးပါဘူး" လို့ ဝေဖန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment