ပီအက်စ်ဂျီအသင်း အတွေ့အကြုံပိုင်းမှာ ရီးရဲလ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ စီိရိုနယ်လ်ဒိုပြောကြား

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကတိုက်စစ်မှူး စီရိုနယ်လ်ဒိုက ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းဟာ အတွေ့အကြုံပိုင်းမှာ ၄င်းတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရတော့မှာဖြစ်ပြီး စီရိုနယ်လ်ဒိုက ပီအက်စ်ဂျီဟာ အသင်းကြီးတစ်သင်း ဖြစ်ပေမယ့် ၄င်းတို့အသင်း ဟာလည်း အတွေ့အကြုံပိုင်းမှာ ရင့်ကျက်တဲ့ အသင်းတစ်သင်း ဖြစ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ယခုနှစ်ရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပေမယ့် မကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ ရီးရဲလ် ဆိုစီဒက်နဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဟက်ထရစ် ရယူနိုင်ခဲ့သလို ဒီရာသီ လာလီဂါအတွက် ၄င်းရဲ့သွင်းဂိုးဟာ ၁၁ ဂိုးထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ သွင်းဂိုးအရ ကြည့်မယ်ဆိုရင်လည်း ယခုနှစ်ရာသီ ပုံမှန်ခြေစွမ်းတွေ ပြသထားနိုင်ပြီး ဂိုးများစွာ သွင်းယူထားနိုင်တဲ့ ၄င်းရဲ့ ပြိုင်ဘက် မက်ဆီနဲ့ ၅ ဂိုးသာကွာဟ တော့တာလည်း ဖြစ်ပါတယ်။ အဆိုပါကစားသမားဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၉ ဂိုးအထိ သွင်းယူထားနိုင်ကာ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံးကစားသမားအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေပြီး အုပ်စုပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်း အားလုံးကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။
 
ပီအက်စ်ဂျီပွဲစဉ်နဲ့ ပတ်သက်ပြီး စီရိုနယ်လ်ဒိုက သူ့ရဲ့အမြင်ကို အခုလို ပြောကြားထားပါတယ်။ "ကျွန်တော်တို့ အကောင်းဆုံး ကစားသမားတွေရှိနေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရတော့မှာပါ။ ကျွန်တော်တို့ အသင်းကလည်း အုပ်စုအဆင့်မှာကတည်းက အကောင်းဆုံးပုံစံကို ပြသထားနိုင်တယ်ဆိုတာကိုလည်း မမေ့စေချင်ပါဘူး။ အတွေ့အကြုံ ပိုင်းအရ ပီအက်စ်ဂျီထက် သာလွန်နေမယ်ဆိုတာ အသေချာပါပဲ။ နောက်တစ်ဆင့်တက်ဖို့ အလွန်အရေးကြီး ပါတယ်။ ပီအက်စ်ဂျီအသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး ဘယ်ပြိုင်ဘက်ကိုမဆို ခက်ခဲစေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ရင့်ကျက်မှုတွေ ရှိလာသလို ပိုပြီးကြိုးစားဖို့ ကိုလည်း အတွေ့အကြုံကနေ အမြဲသင်ယူနေပါတယ်။ ချန်ပီယံလိဂ်မှာ ရီးရဲလ် ဘာတွေလုပ်ပြမလဲဆိုတာကို ပရိသတ်တွေကို စောင့်ကြည့်စေချင်ပါတယ်" လို့ ပြောကြားထားပါတယ်။
 
ဆက်လက်ပြီး စီရိုနယ်လ်ဒိုက စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဂျာမနီ နဲ့ ဘရာဇီး တို့ဟာ ကမ္ဘာ့ဖလားအတွက် ၄င်းရဲ့ အနှစ်သက်ဆုံး အသင်းတွေဖြစ်ပြီး ဘယ်သူမှ မျှော်လင့်မထားတဲ့ ပေါ်တူဂီအသင်းနဲ့လည်း အမှတ်တရတွေ လုပ်ပြချင်သေးတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။
 
Ref: Express
The Ladies News
 

 

Vote: 
No votes yet

Add new comment