နိုင်ငံတော်သမ္မတဦးဆောင်ပြီး အစိုးရနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူးတို့ NCA တွင် လက်မှတ်ရေးထိုး

နိုင်ငံတော်သမ္မတဦးထင်ကျော် ဦးဆောင်ပြီး အစိုးရဘက်မှ တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့မှ တာဝန်ရှိသူများသည် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
 
လက်မှတ်ရေးထိုးခဲ့ကြသူများမှာ နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ NRPC ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း နှင့် မွန်ပြည်သစ်ပါတီ (NMSP)မှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ်နိုင်လယီကောင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)မှ ဥက္ကဋ္ဌ ကြာခွန်ဆာ၊ ဒုဥက္ကဋ္ဌ ကြာဆော်လမွန်၊ ဗဟိုကော်မတီဝင် နာဗစ်ဘွန် တို့က NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
 
ထို့ပြင် အသိသက်သေများအဖြစ် ပြည်တွင်းအသိသက်သေ ၂၀ ဦးနှင့် ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူး အပါအ၀င် နိုင်ငံတကာ အသိသက်သေ ၆ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NLD အစိုးရလက်ထက်တွင် ပထမဦးဆုံးအကြိမ် NCA တွင် လက်မှတ်ရေးထိုးခဲ့ကြသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။ ယခုအခါ NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိလာပြီ ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment