ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံရင်ပြင်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်လှစ်

ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်ပြည်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဒဂုံမြို့သစ်(မြောက်ပိုင်း) သီတဂူဗုဒ္ဓတက္ကသိုလ်အနီး ဘေလီတံတားထိပ်ရှိ ပင်လုံရင်ပြင်တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်) နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
 
ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများအားလုံးက ဆရာတော် အရှင်ဥာဏိဿရ၏ သြဝါဒကိုခံယူပြီး အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချူပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြချက်အရ သိရသည်။
 
အခမ်းအနားသို့ ဆရာတော်အရှင်ဥာဏိဿရ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ပြည်သူများ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
 
အဆိုပါ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးအတွက် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီမှ (၇)လတာ ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး သီတဂူဆရာတော် ဘုရားကြီးထံမှ သြဝါဒကို ခံယူပြီး ၂၀၁၇ နိုဝင်ဘာ ၅ ရက်နေ့တွင် ပန္နက်တင်မြေအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
 
ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဖေစ်ဘွတ်
The Ladies News
 

 

Vote: 
No votes yet

Add new comment