ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းကို CES 2018 မှာ ပြသသွားခဲ့တဲ့ Samsung

CES 2018 မှာ နိုင်ငံတစ်ဝှမ်း နာမည်ကြီး အိမ်သုံး လျှပ်စစ်ပစ္စည်း ထုတ်လုပ်ကြတဲ့ ကုမ္ပဏီများက ၄င်းတို့ရဲ့ အသစ်ထပ်မံ ထုတ်လုပ်ထားတဲ့ ပစ္စည်းအသစ်ဆန်းတွေကို မိတ်ဆက်ပြသကြပြီး မြန်မာနိုင်ငံတွင်သာမက
ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာလည်း နာမည်ရနေတဲ့ Samsung ကုမ္ပဏီဟာလည်း ပါဝင်လာတာ ဖြစ်ပါတယ်။
 
နိုင်ငံကျော် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung ဟာ အဆိုပါ အထူးအစည်းအဝေးပွဲ တစ်ခုမှာ ၄င်းတို့ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်မျိုးကို ပြသပေးခဲ့တယ်လို့ သိရပြီး ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Glexy S9 နဲ့ S9+ ဟာတော့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ လက်ရှိအချိန်မှာ ကမ္ဘာ့နာမည်ကြီး အိမ်သုံးလျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာလည်း ၄င်းတို့ရဲ့ တီထွင်ဆန်းသစ်ထားတဲ့ ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်း မူကြမ်းတွေကို မကြာမကြာချပြနေပြီး Microsoft ကုမ္ပဏီ ဟာလည်း ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းပုံစံတစ်မျိုးကို မူပိုင်ခွင့်တင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ ကုမ္ပဏီတွေရဲ့ တီထွင်ဆန်းသစ်မှုဟာ မူကြမ်းအနေအထားသာ ရှိသေးတာဖြစ်ပြီး လက်တွေ့မှာ အသုံးပြုလို့ မရနိုင်သေးသလို ဘယ်ကုမ္ပဏီကမှ ကွေးနိုင်ခေါက်နိုင်တဲ့ ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။ LG ကထုတ်လုပ်တဲ့ G Flex ၊ Samsung က ထုတ်လုပ်တဲ့ Galaxy Round တို့ကို ထုတ်လုပ်ထားနိုင်ခဲ့ပေမယ့် ဖုန်းကိုယ်ထည် အနည်းငယ်သာ ကွေးနိုင်ခဲ့တာကြောင့် ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်လုံးလို့ ခေါ်ဆိုလို့ မရသေးပါဘူး။ ZTE ဟာလည်း မကြာသေးမီက Display နှစ်ခုကို ခေါက်သိမ်းလို့ရတဲ့ ဖုန်းတစ်မျိုး မိတ်ဆက်ပြသခဲ့ပေမယ့် ကွေးနိုင် ခေါက်နိုင်တဲ့ စမတ်ဖုန်း တစ်လုံးအဖြစ်တော့ သတ်မှတ်ခြင်း မခံခဲ့ရပါဘူး။ ယခု မိတ်ဆက်ပြသခဲ့တဲ့ Samsung ရဲ့ စမတ်ဖုန်းဟာ စာအုပ်အဖုံးအဖွင့်၊ အပိတ်ပြုလုပ်သလို Fold in - Fold Out ပြုလုပ်နိုင်မှာဖြစ်ပြီး Display တွေအနေနဲ့ ၇.၃ လက်မအကျယ် ခေါက်နိုင်ကွေးနိုင်တဲ့ Display တွေကို ၂၀၁၈ နှစ်ကုန်လောက်မှာ ထုတ်တော့မှာ ဖြစ်တယ်လို့ ကိုရီးယား သတင်းဌာနတစ်ခုဖြစ်တဲ့ ET News ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
 
ပရိသတ်များကလည်း အခုလို ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေကို Samsung ကုမ္ပဏီအနေနဲ့ Galaxy X လို့ နာမည်ပေးနိုင်ကြောင်း ထင်ကြေးပေးနေကြပြီး Samsung ဟာလည်း ခေါက်နိုင်ကွေးနိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်နိုင်ဖို့ အတွက် မူပိုင်ခွင့်ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ Samsung ရဲ့ အခုလို တီထွင်မှု နည်းပညာတွေဟာ နာမည်ကျော် စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Apple ကုမ္ပဏီကို အနိုင်ရယူလိုခြင်း ဖြစ်တယ်လို့လည်း
အချို့ပညာရှင်တွေက သုံးသပ်ထားပြီး Apple ဟာလည်း ၂၀၁၇ ခုနှစ်မှာ ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းထုတ်လုပ်မှု မူပိုင်ခွင့်ကို ရယူပြီးသားဖြစ်တယ်လို့ သိရပါတယ်။ နာမည်ကျော် Apple ကုမ္ပဏီနဲ့ လက်ရှိ ချပြထားတဲ့ Samsung ကုမ္ပဏီ ဘယ်သူက အရင် စမတ်ကျကျ ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်မှာလည်း ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ကဲ.... The Ladies ပရိသတ်ကြီးရော.... ကွေးနိုင်ခေါက်နိုင်တဲ့ ဖုန်းတွေ ကိုင်ချင်နေပြီလား ?????
 
The Ladies News
Ref: google
 

 

Vote: 
No votes yet

Add new comment