အပြောင်းအလဲပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေသည့် ၀န်ကြီးခြောက်ဦးအနက်မှ ၀န်ကြီးချုပ်နှစ်ဦးကို ရာထူးမှနုတ်ထွက်ခွင့်ပြုသည့် ကြေညာစာ လူမှုကွန်ရက်တွင် စတင်ပြန့်နှံ့လာ

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ၀န်ကြီး ခြောက်ဦးကို အပြောင်းအလဲပြုလုပ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ၀န်ကြီးချုပ်နှစ်ဦးကို ရာထူးမှ
နုတ်ထွက်ခွင့်ပြုလိုက်သည့် နိုင်ငံတော်သမ္မတရုံးကြေညာစာမှာ လူမှုကွန်ရက်တွင် စတင်ပြန့် နှံ့လာသည်။

အဆိုပါကြေညာစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး Website နှင့် Facebook စာမျက်နှာမှ တရားဝင်ထုတ်ပြန်သေးခြင်းမရှိသေးသော်လည်း ဇန်န၀ါရီ ၉ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က လူမှုကွန်ရက်တွင်ပြန့့်နှံ့ 
ထွက်ပေါ်လာခြင်းဖြစ်သည်။


သမ္မတရုံးတံဆိပ်ဖြင့် ပြန့်နှံ့လာသည့် အဆိုပါကြေညာစာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီတို့ကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအဖြစ်မှနုတ်ထွက်ခွင့်ပြုလိုက်ကြောင်းပါရှိခဲ့သည်။

အဆိုပါကြေညာစာနှင့်ပတ်သက်၍ အတည်ပြုနိုင်ရေးအတွက် ဦးဇော်ဌေးကို The Ladies News က ဇန်န၀ါရီ ၉ ရက် ညနေ ၃း၃၀ နာရီက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

နောက်ဆုံးရ သတင်းအရ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာတစ်ခုမှ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဦးဇော်ဌေးက ၎င်းကိုယ်ပိုင် Facebook တရားဝင်အကောင့်မှ နေ၍ ယခုကဲ့သို့  ရေးသားထားသည်။

"" လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြေညာစာ တစ်ခုမှ ထုတ်ပြန်ခြင်း မရှိသေးပါ။ အမိန့်ကြေညာစာ အတုများ စတင် ဖြန့်ချိသည့် Facebook Account သို့မဟုတ် Facebook Page များ သိရှိရပါက Message /CB မှ ပေးပို့ကြပါရန်။ နိုင်ငံတော်အစိုးရ၏ Myanmar President Office, Myanmar State Counsellor Office, Information Committee စသည့် Page များတွင် တရားဝင် Blue Tick များ ပါရှိပါသည်။ အတုများတွင် Blue Tick မပါပါ။
Page အတု နှင့် ပတ်သက်၍ Facebook သို့ ဆက်သွယ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ """

The Ladies News

 

Vote: 
No votes yet

Add new comment