အုပ်ချုပ်ရေးပိုင်းကို NLD ပါတီမှ ၀င်ရောက်စွက်ဖက်မှု့  မရှိ

တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် တိုင်းဒသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ အပြောင်းအလဲ ပြုလုပ်ရန်ရှိသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန် NLD ပါတီမှ တာဝန်ရှိသူများကို The Ladies News က ဆက်သွယ်မေးမြန်းသည့်အခါတွင် အပြောင်းအလဲပြုလုပ်မည်ဆိုသည့်သတင်းများထွက်ပေါ်နေခြင်းကို ကြားသိနေရကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပါတီက ၀င်ရောက်စွက်ဖက်ခြင်းမရှိကြောင်း NLD ပါတီ၏
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မှ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနအဖွဲ့ ခေါင်းဆောင် ဒေါက်တာမျိုးညွန့် ကပြောကြားသည်။

အပြောင်းအလဲဖြစ်မည်ဆိုသည့်သတင်းထွက်ပေါ်နေသည့် ၀န်ကြီး ခြောက်ဦးကိစ္စနှင့်ပတ်သက်ပြီး ပါတီမှ မည်သည့်ဖိအားပေးမှု့ မှ မရှိကြောင်းနှင့် အုပ်ချုပ်ရေးပိုင်းကို ပါတီက ၀င်ရောက်စွက်ဖွက်မှုမရှိကြောင်းဒေါက်တာမျိုးညွန့် ကပြောကြားသည်။

" အုပ်ချုပ်ရေးပိုင်းကို ပါတီက၀င်ရောက်စွက်ဖက်မှု မရှိပါဘူး။ ဒါက အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ရမဲ့ ကိစ္စတွေပါ " ဟု ၄င်းကပြောကြားသည်။
အပြောင်းအလဲဖြစ်မည်ဆိုသည့်သတင်းကို ၄င်းလည်းကြားသိနေရကြောင်း၊သို့သော် နှုတ်ထွက် မနှုတ်ထွက်ဆိုသည်က ကာယကံရှင်များကိုယ်တိုင် စာတင်မှသာသိရမည်ဟု ဒေါက်တာမျိုးညွန့် က ဆိုခဲ့သည်။

NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးဖြစ်သူ ဆရာမုံရွာအောင်ရှင်ကလည်း " နံပါတ်တစ်ပြောချင်တာက အဲဒီသတင်းကိုကြားတယ်၊ သို့သော်လည်းပဲ ဒါကိုဘယ်သူမှအတည်ပြုတယ်လို့တော့မကြားဘူး၊ အပြောင်းအလဲဖြစ်မယ်ဆိုတာတော့ ကြားတယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ပါတယ်။ နောက်ပြီးတော့ တိုင်းဒေသကြီးအစိုးရ၀န်ကြီးတွေလည်းပါတယ်၊ အဲဒါကတော့ ကြားပါတယ်" ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီးဦးနေမျိုးကျော်နှုတ်ထွက်စာတင်ထားသည်ကမူ မှန်ကန်ပြီး၎င်း၏နေရာတွင် မည်သူ့ ကိုအစားထိုးခန့်  အပ်မည်ဆိုသည်ကိုမသိရှိသေးကြောင်းဆရာမုံရွာအောင်ရှင်ကပြောသည်။

ဇန်န၀ါရီလ ၂ရက်နေ့ ကကျင်းပခဲ့သည့်ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် NLD ပါတီဝင် ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအပေါ် စွပ်စွဲပြစ်တင်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ပြီးဆက်လက်တာဝန်ထမ်းဆောင်ရန်မသင့်ကြောင်း လွှတ်တော်ကဆုံးဖြတ်ခဲ့သည်။ ထို့ အပြင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းသည် ကျန်းမာရေး အခြေအနေအရ
နုတ်ထွက်စာ တင်ထားသည်ဟု သိရသည်။

အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment