၂၀၁၃ Ballon d'Or ဆုကို မိမိဆီမှ စီရော်နယ်လ်ဒို ခိုးယူခဲ့တယ်လို့ဆိုလာတဲ့ ရီဘာရီ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံ ကစားသမားတစ်ဦးဖြစ်တဲ့ ရီဘာရီဟာ ၂၀၁၃ ခုနှစ်က Ballon d'Or ဆုကို မိမိဆီရရှိမည့်အစား အခြားကစားသမား တစ်ယောက်ရဲ့ ခိုးယူသွားဖြင်းကို ခံခဲ့ရတယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရီဘာရီဟာ ထိုနှစ်က စီရိုနယ်လ်ဒို ရရှိခဲ့တဲ့ ဆုဟာ သူမမြင်နိုင်တဲ့ အကြောင်းအရာတွေ များစွာရှိခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။ အဆိုပါနှစ်က ရီဘာရီဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ DFB-Pokal၊ DFB-Super Cup အစရှိတဲ့ ဆုဖလားတွေကို ရရှိအောင် ဆောင်ရွက်ရာမှာ အဓိကပါဝင်ခဲ့ပြီး ၄င်းအတွက် အအောင်မြင်ဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုကတော့ အဆိုပါနှစ်မှာ အသင်းအတွက် Supercopa De Espana ဖလားတစ်လုံးတည်းကိုသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး Ballon d'Or ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါနှစ်က ဘိုင်ယန်တိုက်စစ်မှူး ရီဘာရီဟာ Ballon d'Or ဆုအတွက် ချန်လှပ်ခံခဲ့ရပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်စီရဲ့ နောက် တတိယ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆုမရရှိခဲ့ခြင်းနဲ့ ပတ်သတ်လို့ ရီဘာရီက "အဲ့သည်ဆုကို ကျွန်တော့်ဆီက ခိုးယူခံခဲ့ရတာပါ။ ဘာဖြစ်လို့လည်း ဆိုတာတော့ ကျွန်တော်လည်း မသိနိုင်ပါဘူး။ အဲ့နှစ်က ကျွန်တော် အသင်းအတွက် ဆုဖလားတွေ အားလုံး ရရှိအောင် အကောင်းဆုံး ကြိုးစားခဲ့တယ်။ ရလည်းရခဲ့ပါတယ်။ ကျွန်တော် အဲ့သည်ထက်လည်း ပိုပြီး မလုပ်နိုင်တော့ပါဘူး။ တခြားသူ တစ်ယောက် ဒီဆုကို ရရှိသွားတာ ကျွန်တော့်အတွက်တော့ တရားမျှတမှုမရှိပါဘူး။ ကျွန်တော့်ရဲ့ မွေးရပ်တိုင်းပြည်ကလည်း ကျွန်တော့်ဘက်မှာ ရပ်တည်ပေးခဲ့ကြခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်လူမျိုး တစ်ယောက်က ကိုယ့်လူမျိုးကို အားမပေးပဲ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်လ်ဒိုကို Ballon d'Or ဆုကို ရသင့်တယ်လို့ ပြောနေတာတွေ ကျွန်တော်ကြားခဲ့ရတယ်။ ပေါ်တူဂီလူမျိုးတွေသာဆို သူ့လူမျိုးကိုပဲ ရစေချင်ကြမှာပါ။ မက်စီနဲ့ ရီဘာရီကို ရပါစေလို့ ပြောမယ့်သူရှိမှာ မဟုတ်ပါဘူး။ အဲ့လိုလည်း ပြောထွက်ကြမှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန် တိုက်စစ်မှူး ရီဘာရီဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ၄င်းရဲ့ မိခင်နိုင်ငံအသင်းတစ်သင်းဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် အသင်းဟာ အုပ်စုအဆင့်မှာတင် ထွက်ခွာခဲ့ရတာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အုပ်စုအဆင့်က ထွက်ခွာရပြီးတဲ့ နောက်မှာတော့ အသင်းသားတွေဟာ နည်းပြကြီး ရေမွန်ဒိုမင်နစ်ကို ဆန္ဒပြခဲ့ကြပြီး အသင်းရဲ့ ဘက်စ်ကားကိုလည်း ထွက်ခွာဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရီဘာရီက "ပြင်သစ်မှာရှိတဲ့ လူတိုင်းက ကျွန်တော့်ကို ပြသ၁နာကောင်လို့ မြင်ခဲ့ကြတယ်။ ကျွန်တော့်မိဘတွေက အစပေါ့။ ပြင်သစ်မီဒီယာ အချို့ရဲ့ လုပ်ရက်ကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒီအမာရွတ်ကြီးက ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ ရီဘာရီဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ယခုနွေရာသီမှာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

The Ladies News

Vote: 
Average: 2 (1 vote)

Add new comment