နိုင်ငံကျော်မင်းသား စိုးသူနဲ့ ဇာတ်ကားရိုက်ဖို့ စီစဉ်နေတဲ့ ဒါရိုက်တာ ၀ိုင်း

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဒါရိုက်တာ တစ်ဦးဖြစ်ပြီး အကယ်ဒမီ ရွှေစင်ရုပ်ဆု ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာဝိုင်းဟာ နိုင်ငံကျော်မင်းသားချော အကယ်ဒမီ စိုးသူ နဲ့အတူ တွဲရိုက်ထားတဲ့ ပုံလေးတွေကို ၄င်းရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါရိုက်တာဝိုင်းနဲ့ စိုးသူဟာ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖန်တီးဖို့
တိုင်ပင်နေကြတာ ဖြစ်ပြီး အဆိုပါပို့စ်မှာတော့ "ကဲ ဘော်ဘော်တို့ရေ မတွေ့ရတာကြာပြီဖြစ်တဲ့ ကိုပေါက်စနဲ့ တစ်ခုခုရိုက်ဖို့ တိုင်ပင်နေတယ်။ ဘယ်လိုသဘောရလဲ" လို့ ရေးသားဖော်ပြထားတာကို တွေ့ပါတယ်။
 
အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေကိုယ်စီ ရှိခဲ့ကြတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင် ၂ ယောက်ရဲ့ ပူးပေါင်း ဖန်တီးမှုတွေနဲ့ ပရိသတ်ကို ဘယ်လို အနှစ်သာရရှိရှိ တင်ဆက်ဦးမယ် ဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ ဒါရိုက်တာ ၀ိုင်းဟာ အရည်အချင်းရှိတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး သူပုံဖော်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ ဟာလည်း နှစ်တိုင်းလိုလို အကယ်ဒမီ ရွှေစင်ရုပ်ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၄င်းဟာ သူပုံဖော်ချင်တဲ့  အနုပညာ ဇာတ်ကောင်တွေကို အရည်အချင်းရှိတဲ့ ၀ါရင့်သရုပ်ဆောင်တွေ နာမည်ကြီး အနုပညာရှင်တွေနဲ့သာ ပုံဖော်ရိုက်ကူးလေ့ ရှိပြီး စွယ်စုံရမင်းသမီး တစ်ဦးဖြစ်တဲ့ အကယ်ဒမီဖွေးဖွေး ဟာတော့ သူ့ဇာတ်ကားတွေတိုင်းမှာ ပင်တိုင်ပါဝင်ရလေ့ရှိတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။
 
မင်းသားကြီး စိုးသူဟာလည်း တစ်ခေတ်တစ်ခါက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ အကယ်ဒမီရ မင်းသားကြီး ဖြစ်တာကြောင့် ၄င်းတို့ ၂ ယောက် ပူးပေါင်း ဖန်တီးမယ့် အနုပညာကို ပရိသတ်တွေ စောင့်မျှော်ကြည့်ရှု ချင်နေကြမယ်ဆိုတာ အသေချာပါ။ အကယ်ဒမီ မင်းသားကြီးစိုးသူဟာ ပြည်ပမှာ မိသားစုနဲ့ နေထိုင်ပြီး အနုပညာလောကကို အဆက်ပြတ်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့အနုပညာတွေကို တစ်ဖန်ချပြနိုင်ဖို့ မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေပြီး အခုလို နာမည်ကြီး ဒါရိုက်တာတစ်ဦးနဲ့ ဇာတ်ကားရိုက်ဖို့ စီစဉ်နေခဲ့တာလည်း ဖြစ်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment