တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ခဲ့သူ ငါးဦးအား ပြန်လည်ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သူငါးဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ထောင်အတွင်းမှ အချုပ်ကျ သူ ငါးဦးသည် ဇန်နဝါရီ ၆ ရက် နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်က အချုပ်ခန်းအိမ်သာပေါ်ရှိ မျက်နှာကြက်အပေါ် သံတန်းအားဖြတ်၍ အမိုးဖောက်ကာ ထွက်ပြေးလွတ်မြောက် သွားရာ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ ထွက်ပြေးလွတ်မြောက်သူငါးဦးအနက်မှ စိုင်းမင်းသူ၊ စောမျိုးအောင်၊ နေလင်း(ခ)နေမင်းတို့ကို နာရီပိုင်း အတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ဉာဏ်လင်း(ခ)ဉာဏ်ဝင်းအား ဇန်နဝါရီ ၇ ရက်က လည်းကောင်း၊ ကျန်ရှိသည့် ကိုသက်(ခ)မြဝင်း အား ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီခွဲခန့်က လည်းကောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး ထိန်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက လွယ်စတုံကျေးရွာ တာဝေမီးစက်အနောက် ဘက်ရှိ လယ်ကွင်းအတွင်းမှ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
Photo – Tachileik News Agency
The Ladies News
 

 

Vote: 
No votes yet

Add new comment