မုက္ခာဆည်/ရေတံခွန်အနီးတွင် မုက္ခာရေတံခွန်ဆင်စခန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် ၊ စိန်ကန့်လန့်ကျေးရွာအနီးရှိ မင်းလှ- စိန်ကန့်လန့်- မြို့ချောင်း ကားလမ်း မိုင်တိုင်အမှတ် (၈/၆) မုက္ခာဆည်/ရေတံခွန်အနီးတွင် မုက္ခာရေတံခွန်ဆင်စခန်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
အဆိုပါ မုက္ခာရေတံခွန်ဆင်စခန်းမှာ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း ကားလမ်းမိုင်တိုင်အမှတ် (၈/၆) မုက္ခာဆည်/ ရေတံခွန်အနီးတွင် တည်ရှိပြီး မြန်မာ့သစ်လုပ်ငန်းမှ ဆင် (၁၂) ကောင်ဖြင့် သရုပ်ပြမှုများ ကြည့်ရူလေ့ လာနိုင်ခြင်း ၊ ဆင်စီး၍ သဘာဝတောတောင် ရှုခင်းအလှများ ကြည့်ရူလေ့လာနိုင်ခြင်း ၊ ဆင်စာကျွေးခြင်း ၊ ဆင်ရေချိုးခြင်း ၊ မုက္ခာရေတံခွန်၌ အပန်းဖြေခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရှိရပြီး ၀င်ကြေးအဖြစ် တစ်ဦးလျှင် ပြည်တွင်း (၅၀၀ိ/-) ၊ ပြည်ပ (၂၀၀၀ိ/-) နှင့် ဆင်စီးခတစ်ဦးလျှင် ပြည်တွင်း (၂၀၀၀ိ/-) ၊ ပြည်ပ (၂၀၀၀၀ိ/-) ကောက်ခံသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါဆင်စခန်း ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီလ ၄ ရက်နေ့က အဆိုပါဆင်စခန်း၌ ကျင်းပခဲ့ရာ မင်းလှမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုး၊ ပဲခူးတိုင်းဒေသကြီှး မြန်မာ့သစ်လုပ်ငန်း တိုင်းမန်နေဂျာ၊ သာယာဝတီခရိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးရုံးခွဲမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာများ ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူလူထု အပါအ၀င် စုစုပေါင်း (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment