မန်ယူကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းပေးဖို့တောင်းဆိုလိုက်တဲ့ ဂရေ့ဇ်မန်း

အက်သလက်တီကို အသင်းရဲ့ ကြယ်ပွင့်ကစားသမား တစ်ဦးဖြစ်တဲ့ ဂရေ့ဇ်မန်းဟာ မန်ယူအသင်းရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါကစားသမားဟာ အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ဖို့ ၄င်းအား တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းသာပေးပါက ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ကြောင်း သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
 
အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက မန်ယူအသင်းသို့ လာရောက်ရန် ဆန္ဒရှိနေတယ်လို့ သိရပြီး အက်သလက်တီကို အသင်းက ခွင့်မပြုခဲ့တာကြောင့် အသင်းမှာ ဆက်လက်တည်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူနည်းပြကြီး မော်ရင်ဟိုဟာ အဆိုပါကစားသမားကို ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွက် ခေါ်ယူလိုနေတာ ဖြစ်ပြီး အဆိုပါ ပြင်သစ်ကစားသမားကို ဆက်သွယ်မှုအကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဂရေ့ဇ်မန်းဟာ ၂၀၁၄ ခုနှစ်မှာ ရီးရဲဆိုစီဒက်အသင်းမှ အက်သလက်တီကို မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေး သန်း ၃၀ နဲ့ ရောက်ရှိလာတာဖြစ်ပြီး ယခုလက်ရှိမှာ အက်သလက်တီကို အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦး အဖြစ် ရပ်တည်နေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment