ကော်တင်ဟို ၀တ်ဆင်ကစားရမယ့် ကျောနံပါတ်ကို ဘာစီလိုနာ ထုတ်ပြန်ကြေညာ

လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ စနေ့နေ့က ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
၎င်းကို ဘာစီလိုနာအသင်းမှ စံချိန်တင် ပြောင်းရွှေ့ကြေး ၁၄၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြောင်းရွှေ့ကြေးကြောင့် ၄င်းဟာကမ္ဘာ့ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား စာရင်းမှာ PSG တိုက်စစ်ကစားသမား နေမာနောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
အဆိုပါကစားသမားကို မကြာခင်ပိုင်ဆိုင်ရတော့မယ့် ဘာစီလိုနာ အသင်းဟာ ၄င်းဝတ်ဆင်မယ့် ကျောနံပါတ်ကို တရားဝင်ကြေညာပေးခဲ့ပြီး ကျောနံပါတ် ၇ ကို ၀တ်ဆင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိအသင်းမှာ ကျောနံပါတ် ၇ ကို Arda Turan က ၀တ်ဆင်ကစားနေပြီး ယခုနှစ်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသလို အသင်းမှာ ဆက်လက်ရှိနေဦးမယ်ဆိုရင်လည်း
ကျောနံပါတ် ၇ ကို ကော်တင်ဟိုကို လွှဲပြောင်းပေးရမှာ ဖြစ်တယ်လို့သိရပါတယ်။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းရွှေ့ကာလကတည်းက ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုခံခဲ့ရဖူးပြီး ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေခဲ့တယ်လို့ သိရပါတယ်။
 
ထိုစဉ်က လီဗာပူးလ်နည်းပြကြီး ကလော့ပ်ဟာ ကော်တင်ဟိုကိုအသင်းမှာ ဆက်ရှိနေဖို့ စည်းရုံးနိုင်ခဲ့တာကြောင့် ယခုနှစ်ရာသီအထိ ဆက်လက် တည်ရှိနေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာတော့ ကစားသမားရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ ဒုတိယအကြိမ် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းတာကို လက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment