အနောက်တုံးလှဲချောင်းမြစ်ရေ တိုက်စားမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ကာ အိမ်ခြေ ၁၉ လုံးဖျက်သိမ်းရွှေ့ပြောင်းခဲ့ရ

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့သို့ ရေလမ်းမှအဝင် အနောက်ဘက် မြို့မျက်နှာစာ အမှတ် ၉ ရပ်ကွက် ယမုန်နာ တာလမ်းမကြီးတွင် ရေစီးကြမ်းသော အနောက်တုံးလှဲချောင်းမြစ်ရေ တိုက်စားမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ကာ အိမ်ခြေ ၁၉ လုံး ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
အဆိုပါမြစ်ရေ တိုက်စားမှုကြောင့် ယမုန်နာ ကားလမ်းမကြီးတစ်ခုလုံး လမ်းပျောက်သွားပြီး ယမုန်နာလမ်းမ ကြီးအား မျက်နှာမူ ဆောက် လုပ်ထား သော လူနေအိမ်ခြေ ၂၉ လုံး ရေတိုက်စားခံရကာ နေအိမ်များကို ဖျက်သိမ်းခဲ့ကြရခြင်း ဖြစ်ကြောင်း သိရသည်။
 
မော်လမြိုင်ကျွန်းမြို့ အနောက်ဘက်ရှိ မြို့မျက်နှာစာ ယမုန်နာလမ်းမကြီးနှင့် တောင်ဘက် မြို့မျက်နှာစာ ၁၅ လမ်းမကြီး တို့အား ကမ်းဆည် တည်ဆောက်ပေးခြင်းနှင့် မြို့မျက်နှာစာ မြို့ပတ်လမ်းများ ပြန်လည်ဖော်ထုတ် ပေးပါရန် ဒေသခံ မော်လမြိုင်ကျွန်း မြို့နယ် ပြည်သူများက လိုလားနေကြကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment