KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၁ဝ ဦး လက်နက်ကိုင် လမ်းစဉ်ကိုစွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ

KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်ကိုင် လမ်းစဉ်ကိုစွန့်၍ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် ဆက်သွယ် ဆောင်ရွက်၍ နယ်မြေခံတပ်သို့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ စောဇေယျာမြင့် ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင် ၁ဝ ဦးတို့သည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၈၂ တောင့်၊ ကျည်အိမ်မျိုးစုံ ကိုးခု၊ ၄ဝ မမဗုံးသီး သုံးလုံးတို့နှင့် အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ရာ နယ်မြေခံ တပ်မတော် စစ်ကြောင်းများမှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆို လက်ခံခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
 
၎င်းတို့အနေဖြင့် KKO ခွဲထွက် စောဆန်းအောင်အဖွဲ့၏ လုပ်ရပ်များအပေါ် လက်ခံနိုင်မှု မရှိတော့ဘဲ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ ငြိမ်းချမ်း စွာ နေထိုင်လိုသဖြင့် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment