ဟာသ သရုပ်ဆောင် အောင်ရဲထွေး (Social Influrencer) ကွယ်လွန်

အောင်ရဲထွေး ဟာ လူမှုကွန်ရက်သုံးစွဲသူတွေကြား နာမည်ကြီး လူသိများ တဲ့ social influencer တွေထဲက တစ်ဦးဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကို ဟာသပုံစံပြုလုပ်ပြီး လူမှုစာမျက်နှာပေါ် တင်ရာမှ ဆယ်ကျော်သက်တွေ အကြား နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။
 
သူဟာ New Year ညက Club မှာ သံဖိနပ်နဲ့ အကန်ခံရတဲ့ ဒဏ်ရာနဲ့ ယနေ့နေ့လယ်ပိုင်းမှာ ဆုံးပါးသွားတယ်လို့ သိရပါတယ်။ သူ့ရဲ့ နီးစပ်သူ တစ်ဦးရဲ့ လူမှုစာမျက်နှာမှာတော့ အောင်ရဲထွေး ဆုံးပါးသွားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ယခုလို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
 
"Kwee Aung Yell Htwe ဟာသသရုပ်ဆောင် အောင်ရဲထွေး New Year ညက Club တွင် အမည်မသိ လူအုပ်စုမှ ခေါင်းကို သံဖိနပ်များဖြင့် ဝိုင်းဝန်းကန်ခံရရာမှ ဦးခေါင်းတွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ယမန်နေ့က ဆေးရုံတွင် ခွဲစိတ်ခဲ့သော်လည်း ဒဏ်ရာမှာ ပြင်းထန်လွန်းသဖြင့် ထိုဒဏ်ရာကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဆေးရုံ၌ ကွယ်လွန် သွားခဲ့ပါသည်။ Aung Yell Htwe Just passed away at the Hospital after he got hit by some people at New Year Party in Club !” ဆိုပြီး ရေးသား ဖော်ပြထားပါတယ်။
 
သူနဲ့ အတူ ဟာသဗွီဒီယိုတွေ ရိုက်ကူးဖူးတဲ့ လုပ်ဖော်ကိုင်ဖက် Aung Thu Lwin (Kelvin kate) ကလည်း "ငါ အရမ်းခံစားရတယ်ကွာ.. ပြောစရာစကား မရှိဘူး.. ရင်ကွဲမတတ်ပါပဲကွာ.. ငါ အစ်ကိုတစ်ယောက် ဆုံးရှုံးသွားပြီကွာ" လို့ ကြေကွဲဝမ်းနည်းဖွယ် ရေးသားပြီး ၄င်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်ကလည်း ၄င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ "တကယ်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းမိပါတယ် ညီလေးရေ" လို့ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။
 
ဟာသသရုပ်ဆောင် အောင်ရဲထွေး အခုလိုသေဆုံးမှုကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ သူ့ရဲ့ ပရိသတ်များနဲ့ သူ့အနုပညာကို လေးစားတဲ့ အနုပညာရှင်များစွာ ကြေကွဲခံစားနေရတယ်လို့ သိရပါတယ်။
 
The Ladies News

 

Vote: 
Average: 5 (1 vote)

Add new comment