Xiaomi Mi A1 စမတ်ဖုန်းများ Android 8.0. Oreo (Stable) Update ရရှိ

တရုတ်နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Xiaomi ဟာ Google ရဲ့ Android One Project နဲ့ ပူးပေါင်းပြီး Xiaomi Mi A1 စမတ်ဖုန်းကို ထုတ်လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
 
Mi A1 စမတ်ဖုန်းကို စတင်ကြေညာခဲ့တဲ့ အချိန်က Android 8.0 (oreo) အသုံးပြုနိုင်ခြင်း မရှိသေးပဲ ၂၀၁၇ ခုနှစ်အကုန်မှသာ Android 8.0 (oreo) ကို စတင်ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာထားခဲ့တာလည်း ဖြစ်ပါတယ်။
 
လက်ရှိအနေထားအရ အံ့သြဖွယ် ကောင်းလောက်အောင်ပဲ ၀ယ်ယူသူတွေကို အလေးထားလေ့ရှိတဲ့ Xiaomi ဟာ သူပေးထားတဲ့ ကတိကို တည်နိုင်ခဲ့ပါပြီ။ အကြောင်းကတော့ ၀ယ်ယူသုံးစွဲသူတွေ မျှော်လင့် စောင့်စားနေကြတဲ့ Android 8.0 .Oreo (Stable) ဗားရှင်းကို ၂၀၁၇ ခုနှစ် ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ၃၁ ရက်နေ့မှာ Update ထုတ်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ Xiaomi ထုတ်ပေးတဲ့ android 8.0 (Oreo) Version Update ဟာ Mi A1 စမတ်ဖုန်း အတွက်သာ အရင်ဆုံး ထွက်ရှိခဲ့တာ ဖြစ်ပြီး အခြား Xiaomi စမတ်ဖုန်းတွေအတွက် ထွက်ရှိလာခြင်း မရှိသေးပါဘူး။
 
Mi A1 အသုံးပြုသူများအနေဖြင့် Android 8.0 (Oreo) update ကို ရယူအသုံးပြုလိုပါက မိမိရဲ့ Mi A1 စမတ်ဖုန်းသည် latest Version ဖြစ်ရန် လိုအပ်ပြီး Android 8.0 (Oreo) ကို အလွယ်တကူ update ရယူနိုင်မှာ ဖြစ်ပါတယ်။ Android 8.0 (Oreo) မှာ လုပ်ဆောင်ချက် အသစ်များစွာ ပါဝင်လာမှာဖြစ်ပြီး အထူးသဖြင့်
ဘထ္ထရီ ချွေတာခြင်းနဲ့ အားသွင်းမြန်ခြင်း လုပ်ငန်းစဉ်တွေကိုလည်း အထောက်အပံ့ ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment