Asia’s Got Talent Season 2 ရဲ့ Winner ဆုကို ဆွတ်ခူးသွားတဲ့ Riana

Asia’s Got Talent Season 2 ပြိုင်ပွဲကြီးဟာတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ညက အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ အားလုံးလည်း ဆုရစေချင်တဲ့ ဆုရဖို့လည်း ရေပန်းအစားဆုံးဖြစ်တဲ့ အင်ဒိုနီးရှား မျက်လှည့် ပညာရှင် Riana က winner ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
 
Riana ဟာ ဒိုင်တွေနဲ့ ပရိသတ်တွေကို သူမရဲ့ စိတ်လှည့်စားမှု၊ မှော်မျက်လှည့် အတတ်ပညာတွေနဲ့ ထိတ်လန့် တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့သူပါ။ သူမဟာ သရဲ၊ မကောင်းဆိုးဝါး တစ်ကောင်ဝင်ပူးကပ်နေသည့် အလား ဆံပင်ကို ဖားလျားကြီး ချထားပြီး ကြောက်မက်ဖွယ်ရာ မှော်အတတ် ပြကွက်ဆန်းတွေ ပြသခဲ့တာကြောင့် ဒိုင်တွေ အပါအ၀င် ကြည့်ရှုသူ ပရိတ်သတ်တွေကိုပါ ထိတ်လန့်စေခဲ့တာပါ။ သူမရဲ့ အကောင်းဆုံး ပြကွက်ဆန်းတွေကြောင့်ပဲ
နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ တခြားပြိုင်ပွဲဝင် ၈ ယောက်ကို ကျော်တက်ပြီး Winner ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
 
ဆုရရှိတဲ့ သူမဟာဆိုရင်တော့ ဆုကြေးငွေ အဖြစ် (US$ 100,000) ကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ရလဒ်တွေကိုတော့ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနှင့်သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး သူမရဲ့ အံ့သြဖွယ် မှော်ဆန်တဲ့ ပြကွက်တွေဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းသော်လည်း ပရိသတ်များရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
 
သူမရဲ့ မန်နေဂျာ Mr Bow Vernon က " သူပြိုင်ပွဲမှာ အနိုင်ရလို့ ကျွန်တော် အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲကို ကျွန်တော်သူ့ကို ယှဉ်ပြိုင်စေတာဟာ အနိုင်ရရှိဖို့ထက် သူမရဲ့ လုပ်နိုင်စွမ်းတွေကို ပရိသတ်တွေကို မျှဝေပေးချင်တာပါ။ သူမလို မျက်လှည့်ပညာရှင်မျိုး ဒီခေတ်မှာ ပရိသတ်တွေ မြင်ရဖို့ ခက်ခဲမှာပါ။ တချို့ဆို မြင်တောင် မြင်ဖူးကြမယ် မထင်ပါဘူး။ ဒါ့ကြောင့်လည်း ပရိသတ်တွေက တစ်ခဲနက် အားပေးကြတာလို့ ထင်မြင်မိပါတယ်" လို့ ပြောခဲ့ပါတယ်။
 
Riana ရဲ့ ပုံစံနဲ့ ပတ်သက်လို့ တမင်ဖန်တီး လုပ်ယူထားတာလား၊ အခက်အခဲတွေရော ရှိလားလို့ မေးတဲ့ အခါမှာတော့ သူမဟာ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး စကားနည်းတဲ့ မိန်းကလေး တစ်ယောက်သာ ဖြစ်ကြောင်း Mr Mr Bow Vernon က ပြောကြားထားပြီး Riana ရဲ့ အသက်ကို မေးမြန်တဲ့ အခါမှာတော့ တိတိကျကျ ဖော်ပြခြင်း မရှိဘဲ အသက် (၁၀၀) ကျော် ရှိပြီလို့သာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
The ladies News
 

 

Vote: 
No votes yet

Add new comment