မွေးနေ့ကုသိုလ်အဖြစ် မိခင်ကို သိန်း ၅၀ ကန်တော့ခဲ့တဲ့ ဟာသလူရွှင်တော် ဒိန်းဒေါင်

ဟာသသရုပ်ဆောင် အနုပညာရှင် ဒိန်းဒေါင်ကို မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်များအတွက် အထူးမိတ်ဆက် ပေးစရာလိုမည် မထင်ပါ။ ဒိန်းဒေါင်ကို လူရွှင်တော် ဒိန်းဒေါင်အဖြစ် ပရိသတ်တွေ စတင်သိရှိ လာခဲ့ကြတာ ဖြစ်ပြီး လက်တလောမှာတော့ အနုပညာလောကရဲ့ ဇာတ်ပို့ ဇာတ်ရံအပိုင်းတွေမှာလည်း ပရိသတ်တွေ အားပေးမှုကြောင့် နေရာ ရရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး ဘုရားတည်၊ ကျောင်းဆောက် ရန်အတွက် အလှူငွေများကို အလျဉ်းသင့်သလို ပါဝင်ဒါနပြုလေ့ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။
 
ဒိန်းဒေါင်ဟာ မိခင်ကို မွေးနေ့အကြိုအဖြစ် ကန်တော့ခဲ့ပုံနှင့် ပတ်သတ်လို့ "မွေးနေ့အကြို မွေးကျေးဇူးရှင် အမေကို လိုရာသုံးဖို့ သိန်း ၅၀ ကန်တော့ပါ တယ်။ သာဓုခေါ်နိုင်ကြပါစေ" လို့ ၄င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
ဖော်ပြထားသော လူမှုကွန်ရက် စာမျက်နှာ ပို့စ်အောက်မှာတော့ နာမည်ကြီး မင်းသားကြီး တစ်ဦးဖြစ်သည့် အကယ်ဒမီ ခန့်စည်သူက ၀မ်းမြောက်ဝမ်းသာ သာဓု အနုမောဓနာ ၃ ကြိမ် ခေါ်ဆိုထားတာကို ကြည်နူးဖွယ် တွေ့ရပါတယ်။
 
The Ladies News
 

 

Vote: 
Average: 4 (2 votes)

Add new comment