၁၆ ရက်နေ့မှာ ထွက်ရှိလာမယ့် ပရိသတ်အချစ်တော် ၀ိုင်းစုရဲ့ "ဂါ" (Music Video)

အမျိုးသမီးတေးသံရှင် ၀ိုင်းစုခိုင်သိန်းရဲ့ အယ်ဘမ်အသစ်ဖြစ်တဲ့ "ဂါ" တေးသီချင်းဗီဒီယိုဟာ ယခုလ ၁၆ ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ သူမရဲ့ အော်ဒီယို ပရိုမိုးရှင်း ပွဲကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိထားပြီးလည်း ဖြစ်ပါတယ်။
 
Music Video အဖြစ် ထွက်ရှိလာမယ့် "ဂါ" ကိုတော့ Snare၊ ဇေယျာ၊ ထူး၊ အလင်းရောင်၊ ခါရာ၊ ချမ်းမင်းရဲထွဋ်၊ Russell ၊ ညိမ်းသော်၊ ၀ိုင်းစု၊ အောင်ဆန်းထွဋ်၊ အော်န်ဆိုင်း၊ Mဆိုင်းလု၊ မေ၊ မေဆူးမောင်၊ မေမြင့်မိုရ်၊ ရတနာဗိုလ် အပြင် RVC Dancer Group တို့ ပါဝင် သရုပ်ဆာင်ထားပါတယ်။
 
Music Video မိတ်ဆက် အခမ်းအနားကို ၁၆ ရက်နေ့ (စနေနေ့) ညနေ ၃ နာရီမှ ၆ နာရီအထိ ရန်ကုန်မြို့ရှိ
လှည်းတန်းစင်တာတွင် ကျင်းပသွားမှာဖြစ်ပြီး ၁၇ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၄ နာရီမှ ၆ နာရီအထိ မန္တလေးမြို့ရှိ Ocean Center (မင်္ဂလာ မန္တလေး)မှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။ အဆိုပါ အခမ်းအနားတွင် Special Lucky Draw အစီအစဉ် ပါဝင်မှာဖြစ်ပြီး ပရိုမိုးရှင်းတွင် ခွေဝယ်ယူအားပေးသော ပရိသတ်များကို Wyne Su One Lady Show [ ရန်ကုန် (၂၄.၁၂-၂၀၁၇)] နှင့် [မန္တလေး (၁၆ ရက် ဇန်န၀ါရီလ ၂၀၁၈) ရက်တွေအတွက် လက်မှတ်များကို မဲဖောက် ပေးသွားဦးမှာ ဖြစ်ပါတယ်။
 
Ref: Wyne Su Khine Thein
The Ladies News
 

 

Vote: 
No votes yet

Add new comment