ကော့တွားစ်နဲ့ ဟာဇက် တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲအမီ စာချုပ်သက်တမ်း တိုးနိုင်ဖို့ တိုက်တွန်းလိုက်တဲ့ ကွန်တီ

ချဲလ်ဆီးအသင်းနည်းပြ အန်တိုနီယို ကွန်တီက ၄င်းတို့၏ ဘယ်လ်ဂျီယမ် ကစားသမားနှစ်ဦးမှာ အသင်း၏အဓိက ကစားသမားဖြစ်ပြီး လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ထွန်းတောက်လာမည်ဟု မျှော်လင့် ထားကြောင်း နှင့် နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ စာချုပ်သက် တမ်းတိုးမှုများ အဆုံးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
 
"ကျွန်တော့်ရဲ့ သဘောထားကို ပေးရမယ်ဆိုရင် သူတို့ နှစ်ယောက်စလုံး ဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမား ကောင်းတွေ ဖြစ်ကြသလို အခုထက်ပိုပြီး တိုးတက်ဖို့အတွက် အချိန်၊ အရည်အချင်းတွေ ကျန်ရှိနေသေးတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့လို လူငယ် ကစားသမားတွေကို ကျွန်တော်တို့သာ ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင် အသင်းအတွက် ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲဆိုတာ ကမ္ဘာမှာ အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံး ပြိုင်ပွဲပါ။ ထိပ်တန်း ကစားသမား တစ်ယောက်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် သူတို့ရဲ့ ကျွမ်းကျင်မှု တွေကို ပြသနိုင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ အီဒင်ဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မရောက်သေးပါဘူး။ သူ ဒီထက်ပိုပြီး တိုးတက်ဖို့ ရှိပါသေးတယ်။ လူငယ် ကစားသမား တစ်ယောက်ပီပီ သူ့ရဲ့ အရည်အချင်းတွေ တိုးတက်စေဖို့ လေ့ကျင့်ခန်း အစီအစဉ်တိုင်းမှာ အမြဲတမ်း ကြိုးစားနေဖို့ရယ် ပြီးခဲ့တဲ့ ပွဲစဉ်တွေကလို ခြေစွမ်းတွေ ပြသနိုင်ဖို့ရယ် အရေးကြီးပါတယ်။ ထိပ်တန်းကစားသမား စစ်စစ်ဖြစ်ဖို့ Ballon d'Or ဆု ရဖူးတဲ့အချိန်၊ ချန်ပီယံလိဂ် ရဖူးတဲ့အချိန်၊ ကမ္ဘာ့ဖလား ရဖူးတဲ့အချိန်တွေ ရောက်ဖို့ လိုအပ်ပါတယ်။ ဒီဆုတွေကို ပိုင်ဆိုင်ရတဲ့ အခိုက်တန့်ဟာ သူတို့ကို ကမ္ဘာ့ရဲ့ထိပ်ဆုံးကို ရောက်နေသလို ခံစားမိမှာ ဖြစ်သလို ထိပ်တန်း ကစားသမား တစ်ယောက်အဖြစ် အားလုံးကလည်း အသိအမှတ် ပြုကြမှာဖြစ်တယ်" ဟု ကွန်တီက ပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment