CSKA မော်စကိုနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပေါ့ဘာပါဝင်မည်

ပေါ့ဘာသည် အာဆင်နယ် အသင်းကို အနိုင်ရရှိသည့် ပွဲစဉ်တွင် အနီကတ် ပြခံခဲ့ရသော်လည်း စီအက်ကေအေ မော်စကိုနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားသည်။
 
မန်ယူသည် စီအက်ကေအေနှင့် ယှဉ်ပြိုင် ကစားရမည့်ပွဲစဉ်တွင် သရေ ၁ မှတ် ရရှိရုံဖြင့် ချန်ပီယံလိဂ် အုပ်စု (A) နေရာမှ အုပ်စုဗိုလ်ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ လာမည့်အပတ်တွင် မြို့ခံပြိုင်ဘက် အသင်း မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရန် ရှိသည့်အတွက် အသင်းလူစာရင်းကို အပြောင်းအလဲ ပြုလုပ်သွားမည်ဟု မော်ရင်ဟိုက ဆက်လက်ပြောကြားသည်။ အာဆင်နယ်အား အနိုင်ရရှိခဲ့သည့် ပွဲတွင် အသင်းအတွက် အကောင်းဆုံး ကာကွယ်ပေးနိုင် aသာ အဓိက ဂိုးသမား ဒီဂီယာ နေရာ၌ အရန်ဂိုးသမား ရိုမီရိုကိုသာ အသုံးပြုမည်ဖြစ်ပြီး အီဗရာဟီ မိုဗစ်ကိုလည်း ဆက်လက် အနားပေး ထားဦးမည် ဖြစ်ကြောင်းသိရသည်။
 
ဖီးလ်ဂျုံးစ်၊ ဘိုင်လီ၊ ဖယ်လိုင်နီ၊ မိုက်ကယ်ကာရစ် တို့သည် အဆိုပါပွဲစဉ်၌ ဆက်လက် လွဲချော်ဦးမည်ဖြစ်သည်။ အသင်းသားများအား မန်စီးတီးနှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲအတွက် ကျော်လွန်မစဉ်းစားကြရန် နှင့် ၄င်းအနေဖြင့် ပေါ့ဘာ မပါဝင်နိုင်သည့် အဆိုပါပွဲစဉ်အတွက် မည်သို့ မည်ပုံ ကစားမည်ကိုပင် အသင်းသားများနှင့် ဆွေးနွေးမှု မပြုလုပ်ရ သေးကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment