Facebook Messager ဖြင့် အရည်အသွေးမြင့် ပုံများ ပေးပို့နိုင်တော့မည်

Facebook Messager အသုံးပြုသူများ အနေဖြင့် အရည်အသွေးမြင့် ပုံများကို ပေးပို့နိုင်ပြီဖြစ်ကြောင်း ဖေ့ဘွတ်က ကြေညာခဲ့သည်။
 
ယခင်က Messager, Telegram, Whatapps တို့တွင် ဓာတ်ပုံများပေးပို့လျှင် ပေးပို့လိုသူထံသို့ မရောက်ခင် ဓာတ်ပုံ၏ Resolution ကို ချုံ့ပေးသည်။ ဤကဲ့သို့ ချုံ့ပြီးချိန်တွင် Messager၏ Resolution မှာ 2k or 2048x2048 Pixels မျှသာရှိသည်။ ယခုထွက်ရှိလောမည့် Update တွင် ယခင်ထက် ၂ ဆ အရည်အသွေး ကောင်းမွန်သည့် 4k or (4096x4096 Pixels) ကို ပေးပို့နိုင်တော့မည် ဖြစ်သည်။
 
ယနေ့ခေတ် စမတ်ဖုန်း အများစုသည် 12 Mp Camera များကို အသုံးပြုထားပြီး iPhone X, Pixel 2, Samsung Galaxy Note8 တို့မှ ဓာတ်ပုံများပေးပို့မည် ဆိုပါက Resolution အပြည့် ရရှိနိုင်မည်ဖြစ် သည်။ 4k Resolution ဖြစ်သော်လည်း ဓာတ်ပုံများ ပေးပို့ရာတွင် အချိန်ကြန့်ကြာမှုမရှိဘဲ လျင်မြန်စွာ ပေးပို့နိုင်မည်ဖြစ်ကြောင်း ဖေ့ဘွတ်စ် ၏ ပြောကြားချက်အရ သိရသည်။
 
Resolution မြင့်မားသည့် ဓာတ်ပုံများ (4k Images) များကို ယခုအခါ ယူကေ၊ သြစတေးလျ၊ ပြင်သစ်၊ ကနေဒါ၊ အမေရိကန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံများသို့ စတင်ဖြန့်ချိ ထားလျက်ရှိပြီး အခြားနိုင်ငံများသို့ လာမယ့် ရက်သတ္တပတ်အတွင်း ဆက်လက် ဖြန့်ချိပေးမည် ဖြစ်ကြောင်း သိရှိရသည်။
 
Ref: GSMArena
The Ladies News

 

Vote: 
Average: 1.5 (2 votes)

Add new comment