Gionee Smart Phone ကုမ္ပဏီက ဖုန်း အမျိုးအစား ၈ မျိုးကို ထပ်မံထုတ်လုပ်

တရုတ်ဖုန်းများကို ထုတ်လုပ်လျက်ရှိသည့် Gionee Smart Phone ကုမ္ပဏီသည် ဖုန်း အမျိုးအစား (၈) မျိုးကို ထပ်မံထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
 
S11S, S11, S11 Lite, M7 Plus, M7, M7 Power, M7 mini နဲ့ F205 စတဲ့ အမျိုးအစားတွေ ပါဝင်ပြီး ထိုဖုန်းများထဲမှ Gionee S11 ဖုန်း တစ်မျိုးတည်းကိုသာ အခြားနိုင်ငံများအတွက် ဖြန့်ဝေမည့် အဓိက ထုတ်ကုန် တစ်မျိုး ဖြစ်ကြောင်း သိရှိ့ရသည်။
 
အဆိုပါဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားမှာ ၅.၉၉ လက်မဖြစ်ပြီး မျက်နှာပြင်အပြည့် အရည်အသွေး အထူးကောင်းမွန်တဲ့ FullView Display 2160x2160 pixel Resolution ဖြင့် ထုတ်လုပ်ထားကြောင်း သိရှိရသည်။
 
အရည်အသွေးမြင့် Mediatek's Helio P23 SoC (Octa-Core) CPU ကို အသုံးပြုထားပြီး 6GB RAM ,Internal Memory 64GB ပါဝင်ပါ တယ်။Dual Cameraအမျိုးအစားဖြစ်ပြီး ရှေ့နောက် 16MP+5MP, 16MP+8MP အသီးသီး တပ်ဆင်ပေးထားပါတယ်။ Android Version 7.1 Amigo 5.0 UI ကို အခြေခံထားပြီး 3140mAh Battery ပါဝင်ပါတယ်။ အရောင်အားဖြင့် Blue,Gold,Rose Gold (၃) မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
 
Ref: GSMArena
The Ladies News

 

Vote: 
No votes yet

Add new comment