ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီမှ နုတ်ထွက်စာတင်

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီမှ နုတ်ထွက်စာ တင်ထားသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Ladies News သို့ ပြောကြားသည်။
 
နိုဝင်ဘာလ ၂၇ ရက် ရက်စွဲဖြင့် ပါတီမှ နုတ်ထွက်ကြောင်း စာတင် ထားသည့် ဒေါက်တာအေးမောင်၏ နုတ်ထွက်စာသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေခြင်းကို အတည်ပြုချက်ရယူနိုင် The Ladies News က ဆက်သွယ်မေးမြန်းခြင်းကို ဒေါ်ခင်စောဝေက အတည်ပြုဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
`၂၇ ရက်က သူ (ဒေါက်တာအေးမောင်) ထွက်စာတင်တယ်လို့ သိရပါ တယ်။ ထွက်စာတင်တာကတော့ သေချာသွားသလောက်ပါပဲ´ ဟု ၄င်းကပြောကြားသည်။
 
ယခုလိုမျိုး ရခိုင်ပြည်နယ်၌ စိန်ခေါ်မှုများ ပြသ၁နားများ ကြီးထွားနေ သည့်အချိန်တွင် ရခိုင်ပြည်နယ်တွင် ပြည်သူကိုကိုယ်စားပြုသည့် ရခိုင်အမျိုးသားပါတီမှဥက္ကဋ္ဌ နုတ်ထွက်ရခြင်းအပေါ် စိတ်မကောင်း ဖြစ်မိသည်ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။
 
`ရခိုင်အရေးစိန်ခေါ်မှုတွေနဲ့ ပြသ၁နာတွေလည်း တော်တော်ကြီးထွားနေ တဲ့ အချိန်ပေါ့နော်၊ အန်တီတို့ ရခိုင်အမျိုးသား ပါတီဆိုလည်း ရခိုင်ပြည် နယ်မှာ ပြည်သူကို ကိုယ်စားပြုတဲ့ပါတီ တစ်ခုဖြစ်နေတယ်။ အဲဒီတော့ ရခိုင်အမျိုးသားပါတီ အပါအ၀င် ရခိုင်ပြည်သူတစ်ရပ်လုံးက ပြသ၁နာ တွေကို လက်တွဲပြီးတော့ ဖြေရှင်းရမယ့် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ဒါပေမယ့် အဲဒီအတွက်ကြောင့် အန်တီတို့ကတော့ ဥက္ကဋ္ဌတစ်ယောက် ထွက်သွားတယ်ဆိုတာ စိတိမကောင်းပါဘူး´ ၄င်းက ပြောကြားသည်။
 
ယခုလို ပါတီက နုတ်ထွက်ရခြင်း ပတ်သတ်ပြီး The Ladies News က ဒေါ်အေးမောင်ထံသို့ ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် တယ်လီဖုန်း စက်ပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပေ။ ဒေါက်တာအေးမောင် သည် ဘာခံစားချက် ဘာအကြောင်းပြချက်ဖြင့် ပါတီက နုတ်ထွက်ရသည်ကို မသိရှိရသေးကြောင်းနှင့် ယင်းကိစ္စသည် ဒေါက်တာအေးမောင် ကိုယ်တိုင် ထုတ်ဖော်ပြောကြားမှသာ သိရှိရမှာဖြစ်သည်ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။
 
ဒေါက်တာအေးမောင် နုတ်ထွက်ရခြင်းနှင့် ပတ်သတ်ပြီး ရခိုင်အမျိုးသးပါတီတွင် ဗဟိုကော်မတီ အစည်းအဝေး တစ်ရပ်ကို ခေါ်ယူမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် နုတ်ထွက်ခွင့်ပြုမပြုကို အဆုံးအဖြတ်ပေးမည်ဟု ၄င်းကပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment