အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအား အကြမ်းဖက်မှုအား စပွန်ဆာပေးသည့် နိုင်ငံအဖြစ် အမည်ပေး

မြောက်ကိုရီးယား ကျွန်းဆွယ်ရေးကိစ္စ တင်းမာမှုများ ဖြစ်ပေါ် လာပြီးနောက် မြောက်ကိုရီးယားအား အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အကြမ်းဖက်မှုအား အထောက်အပံ့ပေးသည့် နိုင်ငံစာရင်းတွင် ထည့်ထားကြောင်း သိရသည်။
 
ဒေါ်နယ်ထရမ့်အနေဖြင့် အိမ်ဖြူတော်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက မြောက် ကိုရီးယားအား အရေးယူဒဏ်ခတ် ပိတ်ဆို့မှုအသစ်များ ပေးထားသည့် အပေါ် ထပ်လောင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
 
“ဒီကနေ့ အမေရိကန်ပြည်ထောင်စု အနေနဲ့မြောက်ကိုရီးယား နိုင်ငံကို အကြမ်းဖက်မှု အထောက်အပံ့ ပေးတဲ့နိုင်ငံ အဖြစ် ရွေးချယ်သတ်မှတ် ထားပါတယ်။ လွန်ခဲ့တဲ့ အချိန်ကတည်းက ဖြစ်ရမှာဖြစ်ပါတယ်။ လွန်ခဲ့ တဲ့နှစ်တွေ ကတည်းက ဖြစ်ပျက်ခဲ့သင့်ပါတယ်”ဟု ဒေါ်နယ်ထရမ်က ပြောသည်။
 
မြောက်ကိုရီးယား နိုင်ငံအား ၂၀၀၈ ခုနှစ်က အမေရိကန်သမ္မတ ဂျောဒဗလျူဘုရှ်က စာရင်းမှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်နယ်ထရမ့် သတ်မှတ်လိုက်ခြင်း အပေါ် ဂျပန်နိုင်ငံ ၀န်ကြီးချူပ် ရှင်ဇိုအာဘေးက ကြိုဆိုကြောင်း သိရသည်။
 
“အကြမ်းဖက်မှုကို ထောက်ခံနေတဲ့ နိုင်ငံအဖြစ် မြောက်ကိုရီးယားကို စာရင်းပြန်သွင်းတဲ့ အမေရိကန် ဆုံးဖြတ်ချက် အပေါ် ကျွန်ုပ်တို့ တိုင်းပြည်အနေနဲ့ ကြိုဆိုထောက်ခံပါတယ်” ဟု အင်္ဂါနေ့က တိုကျိုမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင်ပြောသည်။ အဆိုပါ အခြေအနေသည့် အမေရိကန်၏ ပြုံးယမ်းအား ဖိအားတိုးမြှင်လာခြင်း ဖြစ်ပေသည်။
 
မြောက်ကိုရီးယား အနေဖြင့် နိုင်ငံရပ်ခြားမြေပေါ်မှာ လုပ်ကြံသတ်ဖြတ်သည့် ကိစ္စအပါအ၀င် အကြမ်းဖက်မှုကို အထောက်အပံ့ ပေးတဲ့ လုပ်ဆောင်မှုများ ထပ်မံလုပ်ဆောင်လာခြင်းများ ရှိကြောင်း ထရမ့်ကပြောသည်။
 
“ဒီလိုရွေးချယ်သတ်မှတ် လိုက်တာက မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခံပိတ်ဆို့မှု ပြစ်ဒဏ်ပေးတာတွေက ဒီသီးခြား ကြောက်မက်ဖွယ် ကောင်းတဲ့ ဒေသအပေါ် ဖိအားတွေပေးတဲ့ လှုပ်ရှားမှုတစ်ရပ် အနေနဲ့ ဖိအားပေးတာ ဖြစ်တယ်” ဟု ထရမ်ကပြောသည်။
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က မြောက်ကိုရီးယား အနေဖြင့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု များကို အထောက်အပံ့ ပေးသည့် ပုံစံများ ထပ်တိုးလုပ်လာခြင်းများ ရှိသည့် အပေါ် ဆုံးဖြတ်ချက်ချခြင်း ဖြစ်ကြောင်း ဆိုသည်။
 
Ref:CNN
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment