5G ကွန်ရက်ပေါ်တွင် လုပ်ငန်းလည်ပတ်မည့် AI Robotics system များ၏ အလားအလာကို Huawei နှင့် University of Edinburgh တို့ ပူးတွဲသုတေသနပြုမည်

ကြိုးမဲ့ 5G ကွန်ရက်ပေါ်တွင် လည်ပတ်မည့် အနာဂတ် AI Robotics system များ၏ အလားအလာကို စူးစမ်းလေ့လာရန် သုတေသန ပူးပေါင်းဆောင်ရွက်မှု တစ်ခုကို ၂၀၁၇ Global Mobile Broadband Forum တွင် Huawei နှင့် University of Edinburgh တို့ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
 
Huawei ၏ Wireless X Labs နှင့် University of Edinburgh ၏ Bayes Centre အသစ်မှ သုတေသီများသည် ချိတ်ဆက်ထားသော robotics နှင့် system များ၏ လိုအပ်ချက်နှင့်အညီ အသင့်တော်ဆုံး ကြိုးမဲ့ ထောက်ပံ့မှုကို ပံ့ပိုးနိုင်ဖို့အတွက် AI system များက 5G ကွန်ရက်များထံ သတင်းအချက်အလက် ပေးပို့နိုင်ပုံနှင့် ပြင်ဆင်ညှိနှိုင်း ပုံများကို အတူတကူ လေ့လာကြပါမည်။ ကနဦး အလေးထား ဆောင်ရွက်မည့် အရာများတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ စက်ရုပ်များနှင့် မိုဘိုင်းလ်ဗီဒီယိုတို့ ပါဝင်မည် ဖြစ်သည်။
 
System များက မိုဘိုင်းလ် broadband ကွန်ရက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် AI ကို မည်သို့ အသုံးပြုမည်ဆိုသည့် အမြင်သစ်များ ထောက်ပံ့ပေးနိုင်ရန် University of Edinburgh ၏ မူလ AI နှင့် Autonomous system သုတေသန အပေါ်မှာ မူတည်၍ စီမံချက်ကို တည်ဆောက်သွားမည် ဖြစ်ပါသည်။ ဤအချက်က လူများနှင့် system များကြား ပိုမိုအဆင့်မြင့်မား ကောင်းမွန်သည့် အပြန်အလှန် ဆက်သွယ်မှုကို ရရှိနိုင်ရန် applications နှင့် networks နှစ်ခု စလုံး၏ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ပါသည်။ ဤသုတသန စီမံကိန်း အသစ်က June လက ထုတ်ပြန်ခဲ့သော University of Edinburgh ၏ School of Informatics တွင် လက်ခံတည်ဆောက်မည့် ဖက်စပ် လက် တွေ့ခန်း ကြေညာချက်အပြီး Huawei နှင့် University of Edinburgh တို့ အကြား တည်ရှိနေသည့် ရင်းနှီးဆက်ဆံမှုကို တိုးမြှင့်ပေးနိုင်ကြောင်း သိရသည်။
 
ဤသုတေသန ပူးပေါင်းဆောင်ရွက်ခြင်းကို Huawei Wireless Solution ၏ Chief Marketing Officer ဖြစ်သူ Peter Zhou နှင့် University of Edinburgh ၏ Senior Vice Principal ဖြစ်သူ ပါမောက္ခ Charlie Jeffery တို့ လက်မှတ် ရေးထိုးခဲ့သည်။
 
ပါမောက္ခ Charlie Jeffery က “ကျွန်တော်တို့ဟာ AI application တွေကြားထဲမှာ 5G ကို လေ့လာဖို့Huawei နဲ့ အသေးစိတ် ဆက်နွှယ် ဆောင်ရွက်ရမယ့် အတွက် ပီတိဖြစ်ပါတယ်။ AI နဲ့ robotics systems တွေကြား မိုဘိုင်း ကွန်ရက်နဲ့ အပြန်အလှန် ဆက်ဆံမှုကို အပြည့်အဝ နားလည်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင် ပညာရှင်တွေရဲ့ အသိပညာတွေကို အသုံးချဖို့ ရည်ရွယ်ထားပါတယ်။ ဒီသုတသန သဘောတူညီချက် အသစ်က ကျွန်တော်တို့ အဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ 5G Networking ကျွမ်းကျင်မှုတွေကို အသုံးချပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အရေးပေါ် ဝန်ဆောင်မှုတွေကို အသွင်ပြောင်းဖို့ အကူအညီပေးရင်း တကယ့် လက်တွေ့ပြသနာ တွေကို ဖြေရှင်းနိုင်မယ့် အခွင့်အရေးတွေ ပေးနိုင်မှာ ဖြစ်ပါသည်။ ”ဟု ပြောသည်။
 
Huawei မှ Peter Zhou က “mobile broadband အတွင်းက တိုးတက်မှုတွေက wireless robotic system တွေ အတွင်းမှာရှိတဲ့ ဆန်းသစ်တီထွင်မှု အသစ်တွေကို ဘယ်လို မြှင့်တင်ပေးနိုင်တယ် ဆိုတာကို နားလည်အောင် ကူညီဖို့ University of Edinburgh မှာရှိတဲ့ ကမ္ဘာ့ထိပ်တန်း အဖွဲ့နဲ့ အလုပ်ဆက်လုပ်ရမှာကို အလွန်ဝမ်းမြောက်ပါတယ်။ AI ဟာ 5G Networking ရဲ့ အဓိက feature ဖြစ်ပြီး applications တွေနဲ့networks တွေကြား အပြန်အလှန် တုံ့ပြန်မှုက အကျိုးကျေးဇူးတွေနဲ့ တိုးမြှင့်မှုတွေကို ဖန်တီးနိုင်တယ်လို့ ကျွန်တော်တို့ နားလည်ထားတာကို ထဲထဲဝင်ဝင် ပိုသိရမှာဖြစ်တဲ့အတွက် ၀မ်းမြောက်ပါတယ်” ဟု ပြောကြားခဲ့သည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment